ရန်ကုန်၊ ဒီဇင်ဘာ ၄
ရန်ကုန်တိုင်း၊သန်လျင်တံတားထိပ် သန်လျင်ဘက်ခြမ်းရှိ စစ်တပ်လုံခြုံရေးဂိတ်တွင် ပစ်ခတ်မှုများ ယခု ညပိုင်းက ဖြစ်ပေါ်လျှက်ရှိကြောင်းသိရသည်။
သန်လျင်မြို့ သန်လျင်တံတားထိပ် သန်လျင်ဖက်အဆင်း စစ်တပ်အထိုင်ဂိတ်ရှေ့တွင် ပစ်ခတ်သံအချက် ၂၀ခန့်ဖြင့် အပြန်အလှန် ပစ်ခတ်ဖြစ်ပွားမှုဖြစ်ပွားခဲ့ကြောင်း၊ မည်သည့်အဖွဲ့အစည်းက လာရောက်ပစ်ခတ်သည်ကို မသိရှိရသေးကြောင်း၊ အထိအခိုက် အသေအဆုံးလည်းမသိရှိရသေးကြောင်း သန်လျင်ဒေသခံများထံမှ သိရှိရသည်။
KTN ၊ #BNN