• ရုပ်သံထုတ်လွှင့်မှုများ
  • လူမှုကွန်ရက်ပေါ်ကစာစုများ
  • သိပ္ပံနှင့်နည်းပညာ
  • အတွေးအမြင်
SUBSCRIBE
No Result
View All Result
BNN

| Burma News Network

ဗုဒ္ဓဟူး, ဇွန် 21, 2023
  • ပင်မစာမျက်နှာ
  • မြန်မာ့ရေးရာ
  • နွေဦးတော်လှန်ရေး
  • နိုင်ငံတကာ
  • စီးပွားရေး
  • ဆောင်းပါး
  • အယ်ဒီတာ့အာဘော်
  • ဆယ်လီကမ္ဘာ
  • လူမှုဘဝ
  • ကိုဗစ်-19
  • မြန်မာမြန်မာ
    • မြန်မာမြန်မာ
    • EnglishEnglish
Menu
BNN

| Burma News Network

No Result
View All Result
BNN
No Result
View All Result

ရွှေကူမြို့နယ်တွင် စစ်ကောင်စီတပ်ဖွဲ့ကို KIA နှင့် PDF တို့ ပူးပေါင်းတိုက်ခိုက်

2 နှစ် ago
ရွှေကူမြို့နယ်တွင် စစ်ကောင်စီတပ်ဖွဲ့ကို KIA နှင့် PDF တို့ ပူးပေါင်းတိုက်ခိုက်
0
SHARES
1
VIEWS

ကချင်ပြည်နယ် ရွှေကူမြို့နယ်တွင် အာဏာသိမ်းစစ်ကောင်စီတပ်ဖွဲ့ကို ကချင်လွတ်လပ်ရေး တပ်မတော် KIA နှင့် ပြည်သူ့ကာကွယ်ရေးတပ် PDF တို့ပူးပေါင်းကာ ကြားဖြတ်ဝင်ရောက်တိုက်ခိုက်ခဲ့သောကြောင့် ယနေ့ နေ့လည် ၁၂နာရီဝန်းကျင်ခန့်တွင် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်းသိရပါသည်။

စစ်ကောင်စီတပ်ဖွဲ့က ရွှေကူမြို့အထက်ဘက် ၁၀ မိုင်ကျော်ခန့်ရှိသော ကချင်သေကျေးရွာဘက်သို့ စစ်အင်အား ၁၀၀ ဝန်းကချင်ခန့်က တက်လာခဲ့ရာ KIA နှင့် ရွှေကူ PDF ပူးပေါင်းတပ်တို့ ထိပ်တိုက်တွေ့ကာ တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု ရွှေကူဒေသခံတစ်ဦးက KNG သတင်းဌာနကိုပြောဆိုခဲ့သည်။

“စစ်ကောင်စီဘက်က ကချင်သေဘက်ကို တက်လာခဲ့တာကို KIA နဲ့ PDF ပူးပေါင်းတပ်တို့ ထိပ်တိုက်တွေ့လို့ တိုက်ပွဲဖြစ်ပွားခဲ့တယ်။ အဲ့နေရာဘက်က KIA နဲ့ PDF ရှိတယ်လေ။ နေ့လည်၁၂ နာရီဝန်းကျင်လောက်ဖြစ်မယ်။ အကြာကြီးတော့ မဟုတ်ဘူး။ သူတို့ရဲ့ ထိခိုက်မှုအသေးစိတ်ကိုတော့မသိရဘူး”ဟုပြောဆိုသည်။

တိုက်ပွဲဖြစ်ပွားခဲ့သည့် ထိုနေရာတွင် စစ်ကောင်စီတပ်နှင့် ပူးပေါင်းတပ်တို့ နာရီဝက်အကြာခန့် တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် ၂ဖက်တပ်ဘက်မှ လက်နက်ကြီးများပစ်ခတ်ခဲ့ရာမှ ပြန်လည်နောက်ဆုတ်သွားကြသည်ဟု သူကဆက်ဆိုသည်။

ရွှေကူမြို့နယ်တွင် အာဏာသိမ်းစစ်ကောင်စီတပ်နှင့် ကချင်လွတ်လပ်ရေးတပ်တော် KIA တို့ မကြာခဏထိပ်တိုက်တွေ့ကာ တိုက်ပွဲဖြစ်ပွားလျက်ရှိပြီး တစ်လတွင် အနည်းဆုံး ၃ကြိမ်ထက်မနည်း ပုံမှန်ဖြစ်ပွားနေသည်ပါသည်။

Nov 25,2021/Kachin News Group

BNN Editor

BNN Editor

ဆက်စပ်နေသော ရေးသားချက်များ

Interview

လေယာဉ်ရှိတယ်၊ ဘတ်ဂျက်ရှိတယ်ဆိုပေမယ့် အရင်လိုမဟုတ်ဘူး။ ဒီပွဲမှာ စစ်ကောင်စီရှုံးမှာ သေချာတယ်

ဇန်နဝါရီ 15, 2023
Soldier-daughters who got rich by exploiting opium lords and cronies

(ဗိုလ်ကြီး ဇေသူအောင် - CDM - တပ်မတော် လေယာဉ်မှုး) “စစ်ကောင်စီတပ်မှာ တိုက်လေယာဉ်ရှိတယ်၊ လက်နက်ကြီးတွေရှိတယ်၊ အစိုးရဘတ်ဂျက်လည်းရှိတဲ့အတွက် အရင် အာဏာသိမ်းစဉ်ကလို စစ်တပ်က နိုင်မယ်ဆိုပြီး စစ်ခေါင်းဆောင်တွေက ယူဆနေပါတယ်။ ဒါပေမယ့် ဒီပွဲက အရင်နဲ့မတူဘူး။...

Read more
by BNN Editor
0 Comments
Interview

စကစ ပိုင် ပစ္စည်းရောင်းချငွေ ဒေါ်လာ သန်း (၁၀၀) ကျော်နှင့် အခွန်ငွေ ကျပ် (၃) ဘီလီယံ ရထားဟု NUG ပြောကြား

ဇန်နဝါရီ 15, 2023
NUG said that the sale of property owned by SaKaSa has exceeded 100 million dollars and tax revenue of 3 billion kyats

အာဏာသိမ်းစစ်ကောင်စီ ခေါင်းဆောင်ပိုင်းတွေပိုင်ဆိုင်တဲ့ နေအိမ်အပါဝင် မြေနေရာတွေကို လေလံတင်ရောင်းချမှုကနေ အမေရိကန်ဒေါ်လာ သန်း (၁၀၀) ကျော်ရရှိခဲ့ပြီး ပြည်တွင်း ထိန်းချုပ်နယ်မြေက အခွန်ရရှိမှုက ကျပ် (၃)ဘီလီယံအထိ ရနေပြီဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာန...

Read more
by BNN Editor
0 Comments
Interview

နွေဦးတော်လှန်ရေးထဲက လူငယ်ခေါင်းဆောင် ၅ ဦး

ဒီဇင်ဘာ 30, 2022
Five young leaders from the Spring Revolution

မကြာခင်ရက်ပိုင်းမှာ ကုန်ဆုံးတော့မယ့် ၂၀၂၂ ခုနှစ်အတွင်း ထူးခြားချက်တွေကို နှစ်ချုပ် စုစည်းချက်အဖြစ် BNN က တင်ပြပေးနေပါတယ်။ ဒီနေ့မှာတော့ ၂၀၂၂ ခုနှစ်အတွင်း BNN က ဆက်သွယ်မေးမြန်းခွင့်ရတဲ့ နွေဦးတော်လှန်ရေးထဲက လူငယ်ခေါင်ေးဆာင် ၅ ဦးရဲ့...

Read more
by BNN Editor
0 Comments
Interview

“ERO ဆက်စပ်ဒေသမှာ စစ်ရေးလှုပ်ရှားမှူ အားကောင်းလာသလိုမျိုး အညာဒေသမှာပါ လုပ်ဖို့ လိုအပ်နေပါတယ်”

ဒီဇင်ဘာ 29, 2022
“ There is a need to strengthen the military activity in the region related to ERO, as well as to strengthen it in the upper region.”

ဦးသန်းစိုးနိုင်၊ စစ်ရေး-နိုင်ငံရေး ဆန်းစစ်ဝေဖန်သူ (၂၉ -၁၂-၂၀၂၂) “၂၀၂၂ ခုနှစ်အတွင်း တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့တွေ (ERO) ရှိရာဒေသမှာ ပြည်သူကာကွယ်ရေးတပ် (PDF) လှုပ်ရှားမှုအတော့်ကိုအားကောင်းလာတာတွေ့ရပေမယ့် စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းပါဝင်တဲ့ အညာဒေသမှာတော့ အားနည်းနေဆဲဖြစ်တာကို တွေ့ရတယ်” လို့ စစ်ရေး-နိုင်ငံရေး...

Read more
by BNN Editor
0 Comments
Load More
Next Post
ယနေ့ မြန်မာပလာဇာ ရှိ ဆိုင်ခန်းများ ပိတ်ထား ၊ ပြည်သူများ လာရောက်ခြင်းမရှိ

ယနေ့ မြန်မာပလာဇာ ရှိ ဆိုင်ခန်းများ ပိတ်ထား ၊ ပြည်သူများ လာရောက်ခြင်းမရှိ

တရုတ်-တိုင်ဝမ်အရေးက ဆော်လမွန်ကျွန်းစုက စပြီလား

တရုတ်-တိုင်ဝမ်အရေးက ဆော်လမွန်ကျွန်းစုက စပြီလား

BNN

| Burma News Network

BNN ကိုဘာကြောင့်ယုံကြည်နိုင်သလဲ။

အသုံးပြုရန်စည်းမျဥ်းကိုယ်ရေးအချက်အလက်လုံခြုံမှုမူဝါဒပူးတွဲဝန်ဆောင်မှုများ BNN ကိုဆက်သွယ်ရန်

Copyright © 2022 BNN | Burma News Network. All right reserved. ပြင်ပဝက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာများအတွက် BNN က တာဝန်မယူပါ။ ပြင်ပဝက်ဆိုက်များကို လင့် ထည့်ပေးခြင်းနှင့် ပတ်သက်သော BNN လုပ်ထုံးလုပ်နည်းကို ဖတ်ရန်

No Result
View All Result
  • ပင်မစာမျက်နှာ
  • မြန်မာ့ရေးရာ
  • နွေဦးတော်လှန်ရေး
  • နိုင်ငံတကာ
  • စီးပွားရေး
  • ဆောင်းပါး
  • အယ်ဒီတာ့အာဘော်
  • ဆယ်လီကမ္ဘာ
  • လူမှုဘဝ
  • ကိုဗစ်-19
  • မြန်မာမြန်မာ
    • မြန်မာမြန်မာ
    • EnglishEnglish

© 2021 BNN | Burma News Network. All right reserved.