ဗညားခွန်အောင်- ကရင်နီလူ့အခွင့်အရေးအဖွဲ့- KHRG
(၈/၆/၂၀၂၂)
မြန်မာနိုင်ငံရှိ ဒုက္ခသည်တသန်းကျော်ကို အကူအညီပေးတဲ့အခါ စစ်ကောင်စီထိန်းချုပ်နယ်မြေအတွင်းရှိ ဒုက္ခသည်တွေအပြင် ထိန်းချုပ်မှုပြင်ပနယ်မြေက ဒုက္ခသည်တွေကိုပါ ကူညီပေးဖို့လိုအပ်တယ်လို့ ကရင်နီလူ့အခွင့်အရေးအဖွဲ့ ညွန်ကြားရေးမှူး ဗညားခွန်အောင် ကပြောပါတယ်။
မြန်မာနိုင်ငံမှာ ဒုက္ခသည်တသန်းအထိရှိလာနေပြီလို့ UN က ကြေညာတာ၊ ကရင်နီဒေသရှိ လူ ၈ သောင်းကို အကူအညီတွေစတင်ပေးအပ်နေပြီလို့ WFP က ကြေညာတာအပါဝင် လတ်တလောရင်ဆိုင်နေရတဲ့ ဒုက္ခသည်ပြသာနာ၊ လူသားချင်းစာနာမှုအခက်အခဲတွေနဲ့ပတ်သက်ပြီး BNN သတင်းဌာနမှ ဦးထက်အောင်ကျော်က မေးမြန်းစဉ် သူက အဲဒီလို ဖြေကြားခဲ့တာပါ။
အခု ထုတ်လွှင့်ပေးမယ့် မေးမြန်းချက်ထဲမှာ…
- နေရပ်စွန့်ခွာထွက်ပြေးနေရသူ တကယ့်အရေအတွက်ဟာ တသန်းထက် ပိုများနိုင်သလား…
- ကရင်နီဒေသရှိ လူဦးရေ ၄ သိန်းကျော်မှာ ဒုက္ခသည်က ၂ သိန်းအထိရှိနေတာ ဘာကြောင့်လဲ…
- ကုလသမဂ္ဂ အဖွဲ့အစည်းတွေရဲ့ကူညီမှုဟာ စစ်ကောင်စီ ထိန်းချုပ်နယ်မြေအတွင်းမှာပဲ ဘောင်ခတ်ခံထားရဆဲလား…
- စစ်ကောင်စီက ခွင့်မပြုရင် ထိုင်းဖက်ကနေ နယ်စပ်ဖြတ်ကူညီရေးကော ဖြစ်ပေါ်လာနိုင်သလား…
- အခု မိုးရာသီအစမှာ အရေးပေါ်အကူအညီ ဘာတွေလိုအပ်နေသလဲ…
စတဲ့အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။
(အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချန်နယ် ကို Subscribe လုပ်ပါရန် တိုက်တွန်းပါသည်။)
BNN သတင်းဌာနသည် ဒီမိုကရေစီ နှင့် လူ့အခွင့်အရေးကို အလေးထားပြီး မြန်မာပြည်သူတို့အတွက် သတင်းမှန် များကိုသာ တင်ဆက်ပေးသွား မည်ဖြစ်သည်။
Burma News Network