ရန်ကုန်၊ အောက်တိုဘာ ၁၅။
စစ်ကောင်စီ၏ လက်ပါးစေများက အကြမ်းဖက်ဖြိုခွင်းမှုများရှိနေသည့်တိုင် ယနေ့ အောက်တိုဘာလ ၁၅ ရက် မနက်ပိုင်း ရန်ကုန်မြို့တစ်နေရာတွင်စစ်အာဏာရှင်ဆန့်ကျင်ရေးသပိတ်ကို စုပေါင်း ပြုလုပ်ခဲ့ကြသည်။




တရားဝင်အစိုးရတစ်ရပ်ကို ဖြုတ်ချကာ အာဏာသိမ်းခဲ့သည့် စစ်တပ်သည် ဒီမိုကရေစီရေး ငြိမ်းချမ်းစွာ ဆန္ဒပြသူများကို အကြမ်းဖက် ဖမ်းဆီးသတ်ဖြတ်မှုများရှိနေသည်။
စစ်တပ်က မည်သို့ပင် အကြမ်းဖက်သည်ဖြစ်စေ အာဏာသိမ်းပြီး ၈ လ ကြာသည့်တိုင်အောင် မြန်မာပြည်အနှံ့အပြားတွင် စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြမှုများကဆက်ရှိနေဆဲပင်ဖြစ်သည်။
Burma Associated Press