မတ်လ ၂၃ ရက်နေ့၊ ၂၀၂၂
စစ်ကောင်စီကခန့်ထားတဲ့ ရန်ကုန်တိုင်းဒေသကြီးစည်ပင်သာယာရေးဝန်ကြီး ဖြစ်တဲ့ ရန်ကုန်တိုင်းမြို့တော်ဝန် ဦးဘိုဌေးအား လယ်ယာမြေအားအခြားသုံးစွဲခွင့်ပြုပေးသည့်ကိစ္စနှင့်ဆက်စပ်၍ စစ်ကောင်စီက ဒီကနေ့ဖမ်းဆီးလိုက်ကြောင်းစုံစမ်းသိရရှိရသည်။

မြိုတော်ဝန်ဦးဘိုဌေးသည် လက်ရှိရန်ကုန်တိုင်းအတွင်း မြေအသးုံချခွင့်ထုတ်ပေးတဲ့ကိစ္စတွေမှာ ပတ်သက်မှုရှိနေပြီး ထိုကိစ္စများနှင့်ဆက်ပတ်သက်၍ ဦးဘိုဌေးအနေဖြင့် ဖော်ကောင်လုပ်ကာ စစ်ကောင်စီရဲ့ သက်သေအဖြစ်လိုက်ပါဆောင်ရွက်ပေးပါက သူကိုပြန်လွှတ်ပေးနိုင်တယ်လို့လည်း ရန်ကုန်တိုင်းအစိုးရအဖွဲ့ရုံးမှအမည်မဖော်လိုသူတစ်ဦးကဆိုပါတယ်။

ဦးဘိုဌေးသည့် ရန်ကုန်တိုင်းစည်ပင်သာယာရေး တွင်ဌာနမှူးအဖြစ်တာဝန်ထမ်းဆောင်ခဲ့ပြီး စစ်တပ်ကအာဏာသိမ်းပြီးနောက်ရန်ကုန်မြို့တော်ဝန်အဖြစ်ခန့်အပ်ထားခြင်းဖြစ်သည်။
Salweenpress