(ခူဒယ်နီယာ- အတွင်းရေးမှူး ၁- KNPP)
(၁၆/၄/၂၀၂၂)
စစ်အာဏာရှင်အောက်မှာ မနေချင်ဘူး၊ ဖက်ဒရယ်ပြည်ထောင်စုမှာနေချင်တယ်ဆိုရင်တော့ စစ်အာဏာရှင်ပြုတ်ကျတဲ့အထိ တိုက်ပွဲဝင်ဖို့လိုတယ်လို့ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ အတွင်းရေးမှူး ၁- ခူဒယ်နီယာက ပြောပါတယ်။
နွေဦးတော်လှန်ရေး တနှစ်ကြာလာတဲ့အထိ အချို့ တိုင်းရင်းသားလက်ကိုင်အဖွဲ့တွေ ပါမလာသေးတာ၊ တိုက်ပွဲအရှိန်မမြှင့်နိုင်သေးတာတွေနဲ့ပတ်သက်ပြီး BNN သတင်းဌာနမှ ဦးထက်အောင်ကျော်က မေးမြန်းစဉ် သူက အဲဒီလို ဖြေကြားခဲ့တာပါ။
အခုထုတ်လွှင့်ပေးမယ့် မေးမြန်းချက် ဒုတိယ ပိုင်းမှာတော့…
- ကရင်နီဒေသအတော်များများကို တော်လှန်ရေးတပ်တွေက ထိန်းချုပ်ထားနိုင်ပြီလား…
- အခုတိုက်ပွဲဟာ စစ်အာဏာရှင်နဲ့ ပြည်သူကြားက တိုက်ပွဲဖြစ်တဲ့အတွက် ပြည်သူဖြစ်တဲ့ တိုင်းရင်းသားလက်နက်ကိုင်အားလုံး ပါဝင်သင့်ကြောင်း တိုက်တွန်းချက်…
- တိုက်ခိုက်ရေးတပ်တွေအပြင် နိုင်ငံရေးအဖွဲ့အစည်းတွေမှာလည်း ခိုင်မာတဲ့ နိုင်ငံရေး တည်ချက်လိုအပ်ကြောင်း အကြံပြုချက်…
- စစ်အာဏာရှင်အောက်မှာ မနေချင်ဘူး၊ ဖက်ဒရယ်ပြည်ထောင်စုမှာနေချင်တယ်ဆိုရင်တော့ စစ်အာဏာရှင်ပြုတ်ကျတဲ့အထိ တိုက်ပွဲဝင်ရုံမှတပါး အခြားမရှိ… စတဲ့အကြောင်းအရာ တွေကို ဆွေးနွေးတင်ပြထားပါတယ်။
BNN/Exclusive Interview