• ရုပ်သံထုတ်လွှင့်မှုများ
  • လူမှုကွန်ရက်ပေါ်ကစာစုများ
  • သိပ္ပံနှင့်နည်းပညာ
  • အတွေးအမြင်
SUBSCRIBE
No Result
View All Result
BNN

| Burma News Network

သောကြာ, ဒီဇင်ဘာ 2, 2022
  • ပင်မစာမျက်နှာ
  • မြန်မာ့ရေးရာ
  • နွေဦးတော်လှန်ရေး
  • နိုင်ငံတကာ
  • စီးပွားရေး
  • ဆောင်းပါး
  • အယ်ဒီတာ့အာဘော်
  • ဆယ်လီကမ္ဘာ
  • လူမှုဘဝ
  • ကိုဗစ်-19
  • မြန်မာမြန်မာ
    • မြန်မာမြန်မာ
    • EnglishEnglish
Menu
BNN

| Burma News Network

No Result
View All Result
BNN
No Result
View All Result

တပ်မတော်ရဲ့ လုပ်ရပ်တွေကို လက်မခံတဲ့ လူငယ်အရာရှိ (Gen Z Officer) ဗိုလ်ကြည်မင်းဟန်ရဲ့ ပြည်သူ့အတွက် စကားလက်ဆောင်

1 နှစ် ago
တပ်မတော်ရဲ့ လုပ်ရပ်တွေကို လက်မခံတဲ့ လူငယ်အရာရှိ (Gen Z Officer) ဗိုလ်ကြည်မင်းဟန်ရဲ့ ပြည်သူ့အတွက် စကားလက်ဆောင်
0
SHARES
10
VIEWS

၂၁ ဩဂုတ် ၂၀၂၁

ကျွန်တော့်နာမည် ဗိုလ်ကြည်မင်းဟန်ပါ။ တပ်မတော် နည်းပညာတက္ကသိုလ်ဗိုလ်လောင်းသင်တန်း အမှတ်စဉ် (၂၁) က ဆင်းတာပါ။ ကျွန်တော် မတ်လ (၁၂) ရက်နေ့မှ ာCDM စလုပ်ခဲ့ပါတယ်။ ကျွန်ဝောာ့်အနေနဲ့ အာဏာသိမ်းလိုက်တာ၊ လုလိုက်တာကို အရမ်းလည်း အံ့ဩခဲ့ရသလို လုံး၀လည်း လက်မခံခဲ့ပါဘူး။


အာဏာ စသိမ်းကတည်းက လက်မခံကြောင်း speak out လုပ်တာ status တင်တာတွေ တောက်လျှောက် လုပ်ခဲ့တဲ့အတွက် စီနီယာ‌တွေ၊ တပ်ဘက်အသိုင်းဝိုင်းတွေရဲ့ တားမြစ်တာ ပြောဆိုတာတွေ ခံခဲ့ရပါတယ်။ အဆင်ပြေပြေနဲ့ဆက်နေလို့ရတဲ့ အနေအထား ရှိပေမယ့် ဆိုးဆိုးဝါးဝါး မှားယွင်းလွန်းတဲ့လုပ်ရပ်ကြီးကို လုံး၀လက်မခံနိုင်တာရော အသိမှား အတွေးမှားတွေနဲ့ အယူအဆမတူတဲ့ ပတ်၀န်းကျင်အောက်မှာ အာဏာရှင်တွေရဲ့ ထောက်တိုင်တစ်ခု၊ လက်ကိုင်တုတ်တစ်ခုအဖြစ် ဆက်လက်တာ၀န်ထမ်းဆောင်လိုစိတ် မရှိတော့တာကြောင့် ပြည်သူလူထုနဲ့ အတူရပ်တည်ပြီး CDM ပြုလုပ်ခဲ့တာပါ။

CDM ပြုလုပ်ပြီးနောက်ပိုင်း People’s Soldier က ကိုညီသုတတို့နဲ့ ချိတ်ဆက်ပြီး တော်လှန်ရေး အောင်မြင်ဖို့ တတ်နိုင်တဲ့ အစိတ်အပိုင်းက ပါ၀င်ကူညီဆောင်ရွက်လျှက်ရှိပါတယ်။ အာဏာသိမ်းပြီးနောက် တပ်မတော်ရဲ့လုပ်ရပ်တွေက ကျင့်၀တ် (၆၀) ထဲက ပြည်သူလူထုအပေါ်ပြုကျင့်ရမည့် ကျင့်၀တ် (၁၀) ပါးထဲက အချက်တွေနဲ့ လုံး၀ဆန့်ကျင်ဖက် ဖြစ်နေခဲ့ပါတယ်။

ကိုယ့် Professional က ဘာလဲဆိုတာ သေချာသိဖို့လိုပါတယ်။ စစ်တိုက်တတ်ရုံနဲ့ နိုင်ငံကို တည်ဆောက်အုပ်ချုပ်သွားလို့ မရပါဘူး။ မကျွမ်းကျင်ရာမှာတွေလည်း ဇွတ်လိမ္မာချင်တဲ့အဖြစ်မျိုး ကျွန်တော်တို့ခေတ်မှာ လုံး၀လက်ခံသွားမှာမဟုတ်တော့ပါဘူး။ ကျွန်တော် ပြည်သူလူထုနဲ့အတူ အဆုံးထိ ရပ်တည်ပြီး စစ်အာဏာရှင် စစ်အုပ်ချုပ်ရေးစနစ် ပျက်သုဉ်းသွားဖို့ တတ်နိုင်တဲ့ တစ်ထောင့်တစ်နေရာက ဆက်လက်ပါ၀င်ကူညီသွားမှာပါ။

BNN/NEWS

Tags: CDMPDFPeople's Soldier
BNN Editor

BNN Editor

ဆက်စပ်နေသော ရေးသားချက်များ

နိုင်ငံရေး

Sky Aviator ကုမ္ပဏီ လီမိတက်နှင့် ပိုင်ရှင် ကျော်မင်းဦးကို အမေရိကန်က ဒဏ်ခတ်အရေးယူ”

နိုဝင်ဘာ 9, 2022
Sky Aviator ကုမ္ပဏီ လီမိတက်နှင့် ပိုင်ရှင် ကျော်မင်းဦးကို အမေရိကန်က ဒဏ်ခတ်အရေးယူ”

အာဏာသိမ်း မြန်မာစစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေနဲ့ ပတ်သက်နေတဲ့ Sky Aviator ကုမ္ပဏီ လီမိတက်နဲ့ ပိုင်ရှင် ကျော်မင်းဦးကို စီးပွားရေးအရ ပိတ်ဆို့ ဒဏ်ခတ် အရေးယူကြောင်း အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာနဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနတို့က နိုဝင်ဘာ ၈ ရက်မှာ...

Read more
by BNN Editor
0 Comments
နိုင်ငံရေး

မိုးခါးရေ ရုပ်ရှင် နော်ဝေနိုင်ငံမှာပြသ

အောက်တိုဘာ 30, 2022
Moe Khare movie screened in Norway

CDM တပ်မတော်သားတဦးအကြောင်း အခြေခံရိုက်ကူးထားတဲ့ ဒါရိုက်တာ ကိုပေါက်ရဲ့ မိုးခါးရေ ရုပ်ရှင်ကို နော်ဝေနိုင်ငံ အော်စလိုမြို့မှာ မနေက ပြသခဲ့ပါတယ်။ အော်စလိုမြို့ဝန်းကျင်ရှိ နွေဦးတော်လှန်ရေးထောက်ခံအားပေးသူ ရာနဲ့ချီ တက်ရောက်အားပေးတာတွေ့ရပြီး တော်လှန်ရေးရန်ပုံငွေ ခရိုနာ ၃ သောင်းကျော်အထိရခဲ့တယ်လို့ ပွဲစီစဉ်သူတွေကပြောပါတယ်။မနေ့ကပြသခဲ့တဲ့...

Read more
by BNN Editor
0 Comments
နိုင်ငံရေး

စက်တင်ဘာ ၁ ရက်နေ့မှ စတင်၍ အာဆီယံနိုင်ငံအားလုံးကို စစ်ကောင်စီက ပြည်ဝင်ခွင့်ဗီဇာကင်းလွတ်ခွင့်ပြု ၊ မလေးရှားနိုင်ငံ မပါဝင်သေး

ဩဂုတ် 31, 2022
စက်တင်ဘာ ၁ ရက်နေ့မှ စတင်၍ အာဆီယံနိုင်ငံအားလုံးကို စစ်ကောင်စီက ပြည်ဝင်ခွင့်ဗီဇာကင်းလွတ်ခွင့်ပြု ၊ မလေးရှားနိုင်ငံ မပါဝင်သေး

စက်တင်ဘာ ၁ ရက်နေ့မှ စတင်၍ အာဆီယံနိုင်ငံအားလုံးကို စစ်ကောင်စီက ပြည်ဝင်ခွင့်ဗီဇာကင်းလွတ်ခွင့် ပြုလိုက်တယ်လို့ စကစ ရဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်လိုက်ပါတယ်။အဲဒီအထဲမှာ မလေးရှားနိုင်ငံ တော့မပါဝင်သေးပါဘူး။ ၀ဏ္ဏမောင်လွင် ။ စကစ ရဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနထုတ်ပြန်ချက်မှာတော့ အာဆီယံအဖွဲ့ဝင်နိုင်ငံများ...

Read more
by BNN Editor
0 Comments
စစ်ရေး

တိုင်ဝမ်က ဒုတိယအကြိမ်မြောက် စစ်ရေးလေ့ကျင့်

ဩဂုတ် 12, 2022
တိုင်ဝမ်က ဒုတိယအကြိမ်မြောက် စစ်ရေးလေ့ကျင့်

၁၁/၈ ပူပြင်းတဲ့ရာသီအောက်မှာကိုပဲ ဟောင်ဝစ်ဇာကျည်အစစ်နဲ့ ပစ်ခတ်လေ့ကျင့်မှုကို ဒီကနေ့ သြဂုတ်လ ၁၁ရက်နေ့မှာ ပြုလုပ်ခဲ့ကြောင်း တိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။တိုင်ဝမ်တောင်ပိုင်း Fenggang ဆိပ်ကမ်းမှာ ဩဂုတ်လ ၉ ရက်နေ့က ပထမအကြိမ်လုပ်ခဲ့ပြီး ဒီကနေ့ ဒုတိယအကြိမ်အဖြစ် ပစ်ခတ်လေ့ကျင့်ခဲ့တာလို့ဆိုပါတယ်။ ဟောင်ဝစ်ဇာ...

Read more
by BNN Editor
0 Comments
Load More
Next Post
CDM စစ်သားတွေကိုလိုက်ရှာဖွေနေတဲ့စကစတပ်တွေက ဒီပဲယင်းရွာတွေမှာ လုယက်ဖျက်ဆီးနေ

CDM စစ်သားတွေကိုလိုက်ရှာဖွေနေတဲ့စကစတပ်တွေက ဒီပဲယင်းရွာတွေမှာ လုယက်ဖျက်ဆီးနေ

အကြမ်းဖက်စကစ နောက်ဆုံးရသတင်းများ

အကြမ်းဖက်စကစ နောက်ဆုံးရသတင်းများ

BNN

| Burma News Network

BNN ကိုဘာကြောင့်ယုံကြည်နိုင်သလဲ။

အသုံးပြုရန်စည်းမျဥ်းကိုယ်ရေးအချက်အလက်လုံခြုံမှုမူဝါဒပူးတွဲဝန်ဆောင်မှုများ BNN ကိုဆက်သွယ်ရန်

Copyright © 2022 BNN | Burma News Network. All right reserved. ပြင်ပဝက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာများအတွက် BNN က တာဝန်မယူပါ။ ပြင်ပဝက်ဆိုက်များကို လင့် ထည့်ပေးခြင်းနှင့် ပတ်သက်သော BNN လုပ်ထုံးလုပ်နည်းကို ဖတ်ရန်

No Result
View All Result
  • ပင်မစာမျက်နှာ
  • မြန်မာ့ရေးရာ
  • နွေဦးတော်လှန်ရေး
  • နိုင်ငံတကာ
  • စီးပွားရေး
  • ဆောင်းပါး
  • အယ်ဒီတာ့အာဘော်
  • ဆယ်လီကမ္ဘာ
  • လူမှုဘဝ
  • ကိုဗစ်-19
  • မြန်မာမြန်မာ
    • မြန်မာမြန်မာ
    • EnglishEnglish

© 2021 BNN | Burma News Network. All right reserved.