သာကေတမြို့နယ် – ရန်ကုန်
ယနေ့ ဖက်ဆစ် တော်လှန်ရေးနေ့ မတ်လ ၂၇ ရက်နေ့ တွင် သာကေတမြို့နယ်၊ အမှတ် ၉ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးတွင် ဗုံးပေါက်ကွဲခဲ့ကြောင်း သိရသည်။ အဆိုပါပေါက်ကွဲမှုကို သာကေတမြို့ပြပျောက်ကျားတပ်ဖွဲ့ (TUGF) က လုပ်ဆောင်ကြောင်း သတင်းထုတ်ပြန်ထားသည်။
စမ်းချောင်းမြို့နယ် – ရန်ကုန်
စမ်းချောင်းတွင် စစ်အာဏာရှင် ဆန့်ကျင်ရေး ကြွေးကြော်သံ အသံသွင်းထားသော Hand Speaker ကို ဗုံးဟု ထင်မှတ်ပြီး စစ်တပ်က လမ်းပိတ်ဆို့ ရှင်းလင်း၊ လမ်းသွားလမ်းလာ ပြည်သူတချို့နှင့်အမျိုးသမီးများကို ဖမ်းဆီးမှုများပြုလုပ်ခဲ့သည်။
မြောက်ဥက္ကလာ – ရန်ကုန်
ရန်ကုန်မြောက်ဥက္ကလာပတွင် “ ဘုံရန်သူဖက်ဆစ် စစ်တပ်တော်လှန်ခြင်းနဲ့ အမြစ်ဖြတ်” ဟုကြွေးကြော်၍ ချီတက် သပိတ်မှောက်ကာ ဆန္ဒထုတ်ဖော်ခဲ့ကြသည်။
လူငယ် အချို့ ကို စစ်တပ်နှင့်ရဲက ဖမ်းဆီး
ရန်ကုန်တိုင်း ဗဟန်းမြို့နယ်၊ မတ်လ ၂၇ ရက်နေ့ မွန်းတည့် ၁၂ နာရီကျော်အချိန်တွင် ဆရာစံလမ်းဆုံ၊ပန်းခြံအနီးတွင် ဗုံးနှစ်လုံး ပေါက်ကွဲခဲ့သည်။ ယင်းဖြစ်စဉ်ဖြစ်ပွားပြီးနောက် စစ်တပ် နှင့်ရဲ များရောက်ရှိလာကာ အနီးဝန်းကျင်ရှိ လူငယ်တချို့ကို ဖမ်းဆီးခဲ့ကြောင်း သိရှိရသည်။
မတ္တရာ မြို့နယ်
မတ္တရာ မှာ စစ်ကောင်စီတပ် မိုင်းဆွဲခံရပြီး ၂၀ဦးခန့်သေဆုံးကြောင်း သိရသည်။

မြင်းခြံမြို့နယ်
မြင်းခြံမြို့နယ်တွင် စစ်ကောင်စီတပ်များ တိုက်ခိုက်ခံရပြီး အနည်းဆုံး ၂၈ ဦးသေဆုံးကြောင်း သိရသည်။
ခင်ဦး က ဒရုန်း တိုက်ခိုက်မှု
ခင်ဦးတွင် စစ်ကောင်စီတပ်များ တပ်စွဲရာ ရဲစခန်း၊ ဂိတ်များကို ဒရုန်းဖြင့် နေ့စဉ် ရက်ဆက် ဗုံးကျဲတိုက်ခိုက်လျက်ရှိကာ စစ်ကောင်စီဘက်မှ အကျဆုံးများရှိခဲ့ကြောင်းသိရသည်။
ကရင်ပြည်နယ်
ကရင်ပြည်နယ်၊ ဝေါ်လေဘက်သို့ စစ်ကြောင်းထိုးလာသော စစ်တပ် မိုင်းဆွဲခံရပြီး စစ်သား အနည်းဆုံး ၂၀ ဝန်းကျင်သေဆုံးခဲ့ကြောင်းသိရသည်။ စစ်ရဟတ်ယာဉ် ၂ စီးဖြင့် ပစ်ခတ်တိုက်ခိုက်မှုများကိုလည်း ပြုလုပ်ခဲ့သည်။
အနယ်နယ်အရပ်ရပ်မှ စစ်အာဏာရှင် ဆန့် ကျင်ရေးလှုပ်ရှားမှုများပြုလုပ်
မတ်လ(၂၇) ရက်နေ့ ယနေ့ သည် ဖက်ဆစ်တော်လှန်ရေးနေ့ ဖြစ်သည်။ မြန်မာနိုင်ငံတွင် အကြမ်းဖက် အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်ဦးဆောင်သည့် စစ်တပ်ကို ပြည်သူ တစ်ရပ်လုံးက ဖက်ဆစ်အကြမ်းဖက် တပ် အဖြစ်သတ်မှတ်ထားကြသည်။ ယနေ့တွင် မုံရွာ၊ လက်ပံတောင်း၊ မြင်းခြံ ၊ အရာတော် ၊ ခင်ဦး စသည့် ဒေသအသီးသီးမှ ပြည်သူများကလည်း အကြမ်းဖက် စစ်တပ် ကို ဆန့်ကျင်သောလှုပ်ရှားမှုများ ပြုလုပ်ခဲ့ကြသည်။
သတင်းမှန်အဖွဲ့ #နွေဦးတော်လှန်ရေး #KTN