ရန်ကုန်၊ ဒီဇင်ဘာ ၆
မန္တလေး၊ ချမ်းမြသာစည်မြို့နယ် တွင် ယနေ့ညပိုင်း အကြမ်းဖက်စစ်ကောင်စီတပ်များ၏ ရမ်းကားပစ်ခတ်မှုကြောင့် အသက် ၅ နှစ်အရွယ် ကလေးငယ်တစ်ဦး ဦးခေါင်းကျည်ထိ၍ သေဆုံးသွားကြောင်း သတင်းရရှိသည်။

ယနေ့ညပိုင်း ၈ နာရီဝန်းကျင်တွင် ရပ်ကွက်ရုံးအနီးတွင် ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့သည်။ ထိုသို့ဖြစ်ပွားပြီးနောက် အကြမ်းဖက် စစ်တပ်က လူနေအိမ်များကို ချိန်၍ ပစ်ခတ်မှုများ လုပ် ဆောင်ကြောင်း၊ ယင်းပစ်ခတ်မှုကြောင့် နေအိမ်တွင် ဆော့ကစားနေသည့် ကလေးငယ် တစ်ဦး ကျည်ထိသေဆုံးသွားကြောင်း သိရှိရသည်။
KTN /#BNN