ရန်ကုန်၊ ဖေဖော်ဝါရီ ၆
ယနေ့ နံနက်ပိုင်း က ရန်ကုန်မြို့ လသာလမ်း၊ ရွှေပြည်သာစည်ပင်ရုံး၊ မြောက်ဥက္ကာလပမြို့ နယ်တို့တွင် ဗုံးပေါက်ကွဲမှုများဖြစ်ပွားပြီး လူထိခိုက်မှု မရှိကြောင်း ရန်ကုန်မြို့ခံ များထံမှ သိရှိရသည်။
ဖေဖော်ဝါရီလ ၆ ရက်နေ့ နံနက်ပိုင်းက လသာလမ်းနှင့် မဟာဗန္ဓုလလမ်းအနီးတွင် ဗုံးပေါက်ကွဲမှု ဖြစ်ပွားကြောင်း၊ ချထားသည့် အထုပ်တစ်ခုအတွင်းမှ ပေါက်ကွဲခြင်းဖြစ်ကြောင်း၊ လူထိခိုက်မှုမရှိကြောင်း လသာလမ်းအနီးနားရှိ ပြည်သူတစ်ဦးက ပြောသည်။

“ ပထမတော့ ကားဘီးပေါက်တယ်ထင်တာ။ နောက်မှ ရဲကားနဲ့ စစ်ကားတွေ တွေ့မှ ဗုံးပေါက်မှန်း သိတာ။ လူထိခိုက်မှုတော့ မကြားမိဘူး ၊ အသံဗုံးပုံစံ ဖြစ်မယ်ထင်တယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။ အလားတူ ယနေ့ ဖေဖော်ဝါရီ ၆ ရက်နေ့ မွန်းလွဲပိုင်းက ရွှေပြည် သာမြို့နယ် စည်ပင်ရုံးတွင် ဗုံးပေါက်ကွဲကြောင်း၊ လူထိခိုက်မှုမရှိကြောင်း သိရှိရသည်။
နောက်ထပ် ဖြစ်စဥ်တစ်ခုမှာ ယနေ့ မွန်းလွဲ ၁ နာရီ ခန့်က မြောက်ဥက္ကလာပတွင် ဗုံးပေါက် ကွဲမှု တစ်ရပ်ဖြစ်ပေါ်ပြီး လူထိခိုက်မှုမရှိကြောင်း ရန်ကုန် ဒေသခံများက ပြောဆိုကြသည်။
Photo- CJ