၆ အောက်တိုဘာ ၂၀၂၁
အကြမ်းဖက်အာဏာသိမ်းစစ်ခေါင်းဆောင်တွေကို ထိထိရောက်ရောက်အရေးယူပိတ်ဆို့နိုင်မယ့် မြန်မာနိုင်ငံဆိုင်ရာ ဥပဒေမူကြမ်းကို အမေရိကန်အောက်လွှတ်တော်နိုင်ငံခြားရေးရာကော်မတီက အောက်တိုဘာ ၅ ရက်နေ့က အဆိုတင်သွင်းလိုက်ပါပြီ။

ဥပဒေကြမ်းပါ အရေးကြီးအချက်တွေကတော့ မြန်မာစစ်တပ်နဲ့ စစ်ခေါင်းဆောင်တွေကိုသာမက ပတ်သက်ဆက်နွယ်နေတဲ့ လုပ်ငန်းအားလုံးကို ပိတ်ဆို့ ဒဏ်ခတ်ဖို့ – မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်အထူးညှိနှိုင်းရေးမှူးခန့်အပ်တာဝန်ပေးပြီး နိုင်ငံတကာဆိုင်ရာပိတ်ဆို့မှုတွေလုပ်ဖို့-မြန်မာ့အရပ်ဖက်ဖွဲ့အစည်းတွေကို ကူညီဖို့- နိုင်ငံထဲမှာသာမက အိမ်နီးချင်းနိုင်ငံတွေထဲမှာပါ ထွက်ပြေးခိုလုံနေရနေတဲ့ မြန်မာနိုင်ငံသားတွေကို လူသားချင်းဆိုင်ရာအကူအညီတွေပေးဖို့ ပါဝင်ပါတယ်။


ဒါ့အပြင် ကုလသမဂ္ဂက ထိရောက်တဲ့ဆုံးဖြတ်ချက်တွေချနိုင်အောင် အမေရိကန်အစိုးရကဖိအားပေးဖို့နဲ့ ရိုဟင်ဂျာတွေအပေါ်သတ်ဖြတ်ခဲ့မှုကို ” လူမျိုးတုန်းသတ်ဖြတ်မှုအဖြစ်” ဆုံးဖြတ်ချက်ချနိုင်ရေးပါ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ဆောင်ရွက်ဖို့ ဥပဒေမူကြမ်းမှာ တောင်းဆိုထားပါတယ်။
BNN