အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုပြန်ကြားရေးအတွင်းရေးမှူး ကဗျာဆရာမုံရွာအောင်ရှင်ကို ထိန်းသိမ်းထားရာမှ ပြန်လည်လွှတ်ပေးလိုက်ပြီလို့ သတင်းထုတ်ပြန်ရေးအဖွဲ့ကနေသိရှိရပါတယ်။
ယနေ့လွှတ်ပေးလိုက်တဲ့အထဲမှာ မီဒီယာအချို့က သတင်းသမားတွေလည်းပါတယ်လို့သိရပါတယ်။
လေယာဉ်ရှိတယ်၊ ဘတ်ဂျက်ရှိတယ်ဆိုပေမယ့် အရင်လိုမဟုတ်ဘူး။ ဒီပွဲမှာ စစ်ကောင်စီရှုံးမှာ သေချာတယ်
(ဗိုလ်ကြီး ဇေသူအောင် - CDM - တပ်မတော် လေယာဉ်မှုး) “စစ်ကောင်စီတပ်မှာ တိုက်လေယာဉ်ရှိတယ်၊ လက်နက်ကြီးတွေရှိတယ်၊ အစိုးရဘတ်ဂျက်လည်းရှိတဲ့အတွက် အရင် အာဏာသိမ်းစဉ်ကလို စစ်တပ်က နိုင်မယ်ဆိုပြီး စစ်ခေါင်းဆောင်တွေက ယူဆနေပါတယ်။ ဒါပေမယ့် ဒီပွဲက အရင်နဲ့မတူဘူး။...