• ရုပ်သံထုတ်လွှင့်မှုများ
  • လူမှုကွန်ရက်ပေါ်ကစာစုများ
  • သိပ္ပံနှင့်နည်းပညာ
  • အတွေးအမြင်
SUBSCRIBE
No Result
View All Result
BNN

| Burma News Network

သောကြာ, ဒီဇင်ဘာ 2, 2022
  • ပင်မစာမျက်နှာ
  • မြန်မာ့ရေးရာ
  • နွေဦးတော်လှန်ရေး
  • နိုင်ငံတကာ
  • စီးပွားရေး
  • ဆောင်းပါး
  • အယ်ဒီတာ့အာဘော်
  • ဆယ်လီကမ္ဘာ
  • လူမှုဘဝ
  • ကိုဗစ်-19
  • မြန်မာမြန်မာ
    • မြန်မာမြန်မာ
    • EnglishEnglish
Menu
BNN

| Burma News Network

No Result
View All Result
BNN
No Result
View All Result

ကော်ဘရာ အဖွဲ့၏ ကြုံးဝါးသံ နှင့် လေးကော့ကော်မြို့တိုက်ပွဲ အခြေအနေ

8 လ ago
0
SHARES
15
VIEWS

တိုက်ပွဲ အတွင်း လေးကေ့ကော်မြို့ အခြေအနေ

လေးကေ့ကော်မြို့ ကို စစ်ကောင်စီဘက်မှ စစ်ကြောင်းထိုး ကာ အင်အားအလုံးအရင်းဖြင့် ထိုးစစ်ပြုလုပ်လျက်ရှိနေပါသည်။ စစ်ကောင်စီတပ်တွင် ခြေလျင်တပ်သားများ အထိနာလျက်ရှိပြီး ၎င်းတို့ဘက် ခမရ (၂၀၇) မှ တပ်ခွဲမှူးဗိုလ်ကြီး တင်လင်းနိုင် (ကြည်း – ***၄၈) အား အရှင် ဖမ်းဆီး ရမိခဲ့ပါသည်။ ယခုအခါ စစ်ကောင်စီသည် လေးကေ့ကော်မြို့ကို လေကြောင်းမှ ပါ ထိုးစစ်ပြုလုပ်လျက်ရှိနေရာ လေးကေ့ကော်မြို့ ယနေ့ မနက် (၁၀) နာရီခန့်မှ စတင်ကာ တိုက်ခိုက်ရေး လေယာဥ် (၂)စီး ဖြင့် (၂၂) ကြိမ် ဝဲပျံ ပစ်ခတ် ဗုံးကြဲခဲ့ကာ (၅ ခေါက်) လာရောက် ခဲ့ပါသည်။ လေကြောင်း တိုက်ခိုက်မှုကြောင့် လေ့ကေ့ကော် ဒေသရှိ ပြည်သူပိုင်နေအိမ် အလုံး ( ၃၀ ) ခန့် ပျက်စီးခဲ့ပြီး နေအိမ် (၅) လုံး မီးလောင် ပျက်စီးခဲ့ ကြောင်းကို Cobra Column အဖွဲ့က တိုက်ပွဲ သတင်းထုတ်ပြန်ထားပါသည်။

ကော်ဘရာ အဖွဲ့၏ ကြုံးဝါးသံ

ပစ်ထား ပစ်ထား မင်းတို့ လေးကေ့ကော် မြို့ ကို ဖျက်ဆီးထား
အေး မင်းတို့ နေပြည်တော်ကို ငါ ပြန်ဖျက်ဆီးတဲ့အချိန်ကျရင် မင်းတို့ မျက်ရည်မကျနဲ့နော်

မင်းအောင်လှိုင် မင်း ….အေး…. ငါတို့ လေးကေ့ကော်မြို့ကို မင်းတို့ ဖျက်ဆီးထားတယ်နော် မင်းတို့ ဂျက်ဖိုက်တာတွေနဲ့ မင်း ပြည်သူလူထု အိမ်တွေကို မင်းတို့ဖျက်ဆီးထားတယ် မင်းပစ်နေတယ် မင်းနေပြည်တော်ကို လာပစ်တဲ့ နေ့ (ပြန်တိုက်တဲ့နေ့) ကျရင် မင်းမျက်ရည်မကျနဲ့ မင်းကို ငါ စိန်ခေါ်တယ်

” တိုက်ပွဲ သတင်း အနှစ်ချုပ် ထုတ်ပြန်ခြင်း “

ယနေ့မနက် (၂) နာရီခွဲခန့်မှ စတင်၍ အကြမ်းဖက် စစ်ကောင်စီ ၏ တပ်မ ( ၄၄ ) လက်အောက်ခံ ၊ခမရ (၂၀၇) မှ တပ်ရင်းမှူး သက်နိုင်ဦး ဦးစီးသော စစ်ကြောင်း (၁) အမည်ဖြင့် အင်အား (၄၅) ဦးသည် လေ့ကေ့ကော် မြို့သစ်အတွင်းသို့ ကျူးကျော် ဝင်ရောက်ခဲ့ပါသည်။ ကျူးကျော် ဝင်ရောက်ပြီးနောက် စွယ်တော်ကုန်းနှင့် လက်ခတ်တောင် ရှိ အမြှောက်များမှ တရစပ် ပစ်ကူပေး ပစ်ခတ်ခဲ့ပါသည်။ မြေပြင် စစ်ကြောင်းမှလည်း ၄၀ မမ များဖြင့် တရစပ် ပစ်ခတ်လျက်ရှိရာ Cobra စစ်သည်များနှင့် ထိတွေ့ တိုက်ပွဲ ဖြစ်ပွားခဲ့ပါသည်။ မိုးသောက်ချိန်မှ ညနေ အချိန်အထိ ရင်ဆိုင်တိုက်ပွဲ ဆက်လက် ဖြစ်ပွားခဲ့ပါသည်။ ထပ်မံ၍ စစ်ကောင်စီ၏ တပ်ကူများ အများအပြား ရောက်ရှိလာသော်လည်း မည်သည့် တပ်မှန်း အတည်မပြုနိုင်သေးပါ။

စစ်ကြောင်းထိုးလာသော ခမရ (၂၀၇) မှ တပ်ခွဲမှူးဗိုလ်ကြီး တင်လင်းနိုင် (ကြည်း – ***၄၈) အား အရှင် ဖမ်းဆီး ရမိခဲ့ပြီး စစ်ဆေးချက်အရ အကြမ်းဖက် စစ်ကောင်စီဘက်မှ တပ်ရင်းမှူး နှင့် IO အရာရှိ အပါအဝင် စစ်ကြောင်း တစ်ကြောင်းလုံး နီးပါး သေဆုံးကြောင်း သိရပါသည်။ တပ်ရင်းမှူး၏ အလောင်းကို မရ ရှိသေးသဖြင့် အတည်မပြုနိုင်သေးပါ။ နယ်မြေရှင်းလင်းရေး ဆောင်ရွက်ရာ စစ်ကောင်စီ အလောင်း (၁၂) လောင်းနှင့် လက်နက် (၉) လက် အပါအဝင် စစ်သုံးပစ္စည်းများ သိမ်းဆည်း ရမိခဲ့ပါသည်။

ကော်ဘရာ စစ်ကြောင်းမှ တော်လှန်ရေး ရဲဘော် (၂ )ဦး ပြည်သူ့လွတ်မြောက်ရေးအတွက် အသက်ပေးလှူသွားခဲ့ပြီး (၄) ဦး ထိခိုက် ဒဏ်ရာ ရရှိခဲ့ပါသည်။ လေကြောင်းတိုက်ခိုက်မှု အနေဖြင့် ယနေ့ မနက် (၁၀) နာရီခန့်မှ စတင်ကာ တိုက်ခိုက်ရေး လေယာဥ် (၂)စီး ဖြင့် (၂၂) ကြိမ် ဝဲပျံ ပစ်ခတ် ဗုံးကြဲခဲ့ကာ (၅ ခေါက်) လာရောက် ခဲ့ပါသည်။ လေကြောင်း တိုက်ခိုက်မှုကြောင့် လေ့ကေ့ကော် ဒေသရှိ ပြည်သူပိုင်နေအိမ် အလုံး ( ၃၀ ) ခန့် ပျက်စီးခဲ့ပြီး နေအိမ် (၅) လုံး မီးလောင် ပျက်စီးခဲ့ပါသည်။

Cobra Column | ရုပ်သံ – #CobraColumn

Source: https://youtu.be/xke8a77Nz5M
Via: https://youtu.be/xke8a77Nz5M
Tags: Breaking NewsKNUKNU/KNLANUGPDFSpring Revolutionတိုက်ပွဲလေးကေ့ကော်
BNN Editor

BNN Editor

ဆက်စပ်နေသော ရေးသားချက်များ

နိုင်ငံရေး

Sky Aviator ကုမ္ပဏီ လီမိတက်နှင့် ပိုင်ရှင် ကျော်မင်းဦးကို အမေရိကန်က ဒဏ်ခတ်အရေးယူ”

နိုဝင်ဘာ 9, 2022
Sky Aviator ကုမ္ပဏီ လီမိတက်နှင့် ပိုင်ရှင် ကျော်မင်းဦးကို အမေရိကန်က ဒဏ်ခတ်အရေးယူ”

အာဏာသိမ်း မြန်မာစစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေနဲ့ ပတ်သက်နေတဲ့ Sky Aviator ကုမ္ပဏီ လီမိတက်နဲ့ ပိုင်ရှင် ကျော်မင်းဦးကို စီးပွားရေးအရ ပိတ်ဆို့ ဒဏ်ခတ် အရေးယူကြောင်း အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာနဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနတို့က နိုဝင်ဘာ ၈ ရက်မှာ...

Read more
by BNN Editor
0 Comments
Interview

“မြို့လယ်နေရာ၊ လမ်းမကြီး အချို့နေရာကလွဲရင် ကျန်ဒေသမှာ ကျနော်တို့တပ်တွေ လွတ်လွတ်လပ်လပ် လှုပ်ရှားနေပါတယ်”

နိုဝင်ဘာ 5, 2022
“မြို့လယ်နေရာ၊ လမ်းမကြီး အချို့နေရာကလွဲရင် ကျန်ဒေသမှာ ကျနော်တို့တပ်တွေ လွတ်လွတ်လပ်လပ် လှုပ်ရှားနေပါတယ်”

(ခူဒယ်နီယာ - အတွင်းရေးမှူး ၁- KNPP) “ပြည်နယ်မြို့တော် လွိုင်ကော်မြို့လယ် အပါအဝင် ပြည်နယ်တွင်းရှိ မြို့လယ်နေရာအချို့နဲ့ ပြည်ထောင်စုလမ်းမကြီး အစိတ်အပိုင်းအချို့ကလွဲရင် ကျန်ဒေသအားလုံးကို တော်လှန်ရေးတပ်တွေက ထိန်းချုပ်စိုးမိုးထားတယ်” လို့ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP အတွင်းရေမှူး-၁- ခူဒယ်နီယာက...

Read more
by BNN Editor
0 Comments
Interview

“လေကြောင်းတိုက်ပွဲက အဆုံးအဖြတ် မပေးနိုင်ပါဘူး။ မြေပြင်မှာ NUG နဲ့ EAO တွေကြား ပူးပေါင်းဆောင်ရွက်နိုင်မှုကသာ အဆုံးအဖြတ်ပေးပါလိမ့်မယ်”

အောက်တိုဘာ 30, 2022
“Air combat cannot be decisive. Only the cooperation between the NUG and the EAO on the ground will be decisive.”

(ဦးသန်းစိုးနိုင် - နိုင်ငံရေး စစ်ရေး ဝေဖန်သုံးသပ်သူ) “စစ်ကောင်စီဘက်က လေကြောင်းတိုက်ပွဲ တိုးပြီးဆင်နွှဲလာတာဟာ စစ်ရေးအရ အားသာလာတာမဟုတ်ဘဲ ကြည်းတပ် အခြေအနေ မကောင်းလို့ လေတပ်ကို အားကိုးနေရခြင်းသာဖြစ်တယ်။ လေကြောင်းတိုက်ပွဲဟာ စစ်မြေပြင်အနေအထားကို အဆုံးအဖြတ်ပေးနိုင်တဲ့ အချက် မဟုတ်ဘူး။...

Read more
by BNN Editor
0 Comments
နိုင်ငံရေး

မိုးခါးရေ ရုပ်ရှင် နော်ဝေနိုင်ငံမှာပြသ

အောက်တိုဘာ 30, 2022
Moe Khare movie screened in Norway

CDM တပ်မတော်သားတဦးအကြောင်း အခြေခံရိုက်ကူးထားတဲ့ ဒါရိုက်တာ ကိုပေါက်ရဲ့ မိုးခါးရေ ရုပ်ရှင်ကို နော်ဝေနိုင်ငံ အော်စလိုမြို့မှာ မနေက ပြသခဲ့ပါတယ်။ အော်စလိုမြို့ဝန်းကျင်ရှိ နွေဦးတော်လှန်ရေးထောက်ခံအားပေးသူ ရာနဲ့ချီ တက်ရောက်အားပေးတာတွေ့ရပြီး တော်လှန်ရေးရန်ပုံငွေ ခရိုနာ ၃ သောင်းကျော်အထိရခဲ့တယ်လို့ ပွဲစီစဉ်သူတွေကပြောပါတယ်။မနေ့ကပြသခဲ့တဲ့...

Read more
by BNN Editor
0 Comments
Load More
Next Post
မြန်မာပလာဇာ  Harry’s Bar  ပေါက်ကွဲမှုဖြစ်ပွား

မြန်မာပလာဇာ Harry’s Bar ပေါက်ကွဲမှုဖြစ်ပွား

ကမ္ဘာပျက်နေပေမယ့် နိုင်ငံတကာမသိတဲ့ ရှန်ဟိုင်း

ကမ္ဘာပျက်နေပေမယ့် နိုင်ငံတကာမသိတဲ့ ရှန်ဟိုင်း

BNN

| Burma News Network

BNN ကိုဘာကြောင့်ယုံကြည်နိုင်သလဲ။

အသုံးပြုရန်စည်းမျဥ်းကိုယ်ရေးအချက်အလက်လုံခြုံမှုမူဝါဒပူးတွဲဝန်ဆောင်မှုများ BNN ကိုဆက်သွယ်ရန်

Copyright © 2022 BNN | Burma News Network. All right reserved. ပြင်ပဝက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာများအတွက် BNN က တာဝန်မယူပါ။ ပြင်ပဝက်ဆိုက်များကို လင့် ထည့်ပေးခြင်းနှင့် ပတ်သက်သော BNN လုပ်ထုံးလုပ်နည်းကို ဖတ်ရန်

No Result
View All Result
  • ပင်မစာမျက်နှာ
  • မြန်မာ့ရေးရာ
  • နွေဦးတော်လှန်ရေး
  • နိုင်ငံတကာ
  • စီးပွားရေး
  • ဆောင်းပါး
  • အယ်ဒီတာ့အာဘော်
  • ဆယ်လီကမ္ဘာ
  • လူမှုဘဝ
  • ကိုဗစ်-19
  • မြန်မာမြန်မာ
    • မြန်မာမြန်မာ
    • EnglishEnglish

© 2021 BNN | Burma News Network. All right reserved.