• ရုပ်သံထုတ်လွှင့်မှုများ
  • လူမှုကွန်ရက်ပေါ်ကစာစုများ
  • သိပ္ပံနှင့်နည်းပညာ
  • အတွေးအမြင်
SUBSCRIBE
No Result
View All Result
BNN

| Burma News Network

သောကြာ, ဒီဇင်ဘာ 2, 2022
  • ပင်မစာမျက်နှာ
  • မြန်မာ့ရေးရာ
  • နွေဦးတော်လှန်ရေး
  • နိုင်ငံတကာ
  • စီးပွားရေး
  • ဆောင်းပါး
  • အယ်ဒီတာ့အာဘော်
  • ဆယ်လီကမ္ဘာ
  • လူမှုဘဝ
  • ကိုဗစ်-19
  • မြန်မာမြန်မာ
    • မြန်မာမြန်မာ
    • EnglishEnglish
Menu
BNN

| Burma News Network

No Result
View All Result
BNN
No Result
View All Result

ပြည်သူများ တော်ရုံ မြင်တွေ့ရန် ခက်ခဲသည့် နာမည်ကျော်အင်းစိန် ထောင်တွင်း မြင်ကွင်းများ

12 လ ago
ပြည်သူများ တော်ရုံ မြင်တွေ့ရန် ခက်ခဲသည့် နာမည်ကျော်အင်းစိန် ထောင်တွင်း မြင်ကွင်းများ

၂ရှည်တိုက်ရဲ့ အထဲလျှောက်လမ်းနဲ့ အခန်းမျက်နှာဆိုင်ဖွဲ့စည်းပုံ

0
SHARES
612
VIEWS

ပြည်သူများ တော်ရုံ မြင်တွေ့ရန် ခက်ခဲသည့် နာမည်ကျော်အင်းစိန် ထောင်တွင်း မြင်ကွင်းများ။

ဒီဇင်ဘာ ၁၀ရက် (10D) နေ့က အင်းစိန်ထောင်တွင်း အစာငတ်ခံဆန္ဒပြပြီး သွေးသစ္စာသီချင်းဆိုတဲ့ ရဲဘောင်တွေကို ရိုက်နှပ်ပြီးခေါ်ထုတ်တယ်။

နောက် သီးသန့်ဘက်ကနေ ထောင်မကြီးကိုပို့တဲ့ချိန် လျှောက်လမ်းတစ်လျှောက် လဲရိုက်နှပ်၊ မိန်းဂျေးရောက်တော့လဲ ထက်ရိုက် ပြီးတော့တိုက်ထဲထည့် တိုက်ပိတ်တယ်လို့ကြားကြပါတယ်။ အဲ့တော့ တိုက်ဆိုတာဘယ်လိုမျိုးလဲ ပြချင်လာလို့ပါ။ နောက်ပြီး ဦးဇာဂနာရဲ့ ၁တိုက်ကပုံတွေလဲ လိုင်းပေါ်တွေ့ရပါတယ်။

တိုက်ထဲမှာ ၁တိုက်၊ ၂တိုက်၊ ၃တိုက်၊ ၄တိုက်၊ ၅တိုက်၊ ၆တိုက် ဆိုပြီး တိုက်တန်းလျား ၆ခု ရှိပါတယ်။ ခုပုံမှာ ပါတဲ့တိုက်တွေကတော့ ၁တိုက်နဲ့ ၂တိုက်ရှည်ပါ။ ၂တိုက်ဟာ တော်တော်ရှည်ပါတယ်။ အဲ့ရှည်တဲ့ ၂တိုက်ကို ၂ပိုင်းကန့်လိုက်ပါတယ်။

တိုက်ရဲ့ထိပ်ပိုင်းကို သေဒဏ်သေထားပါတယ်။ သေဒဏ်တွေထားတဲ့အပိုင်းကို တိုက်တန်းလျားတစ်ခုလုံးရဲ့ ၃ပုံ ၁ပုံ ကန့်ထားပါတယ်။ ကျန်တဲ့၂ပုံကို ထောင့်တစ်သက်တွေ၊ နှစ်အကန့်သက်မရှိတွေကိုထားပါတယ်။ ခုပုံက ၃ပုံကို ၂ပုံ ကန့်ထားတဲ့အခြမ်းကပုံတွေပါ။ အဲ့ဘက်အခြမ်းက အနောက်ဘက်ကျပါတယ်။ အခေါ်ဝေါ်ကတော့ ၂-ရှည်လို့ခေါ်ပါတယ်။ သေဒဏ်ကျတဲ့ သူတွေကိုထားတဲ့ အပိုင်းကိုကျ ၂တိုလို့ခေါ်ပါတယ်။

  • ၂-ရှည်တိုက်ရဲ့ ဝင်ပေါက်
  • ၂ရှည်တိုက်ရဲ့ အထဲလျှောက်လမ်းနဲ့ အခန်းမျက်နှာဆိုင်ဖွဲ့စည်းပုံ

၂ တိုက်ကိုနောက်တစ်မျိုး ရင်ခွဲတိုက်လို့လဲ ခေါ်ပါသေးတယ်။ သူ့အခန်းဖွဲ့စည်းပုံက ပုံမှာတွေ့ရတဲ့အတိုင်း မျက်နှာခြင်းဆိုင်ဖြစ်ပြီး လျှောက်လမ်းကို အလယ်မှာထား ထားပါတယ်။ တစ်ခန်းခြင်းစီမှာ ကြွေခွက်အိမ်သာရှိတယ်။ ရေပိုက်သွယ်ထားပေးပြီး အချိန်နဲ့ရေပေးပါတယ်။

၁တိုက်တော့ နိုင်ငံရေးသမားအများစုထားပါတယ်။ ကျွန်တော်တို့ ထောင်ကျလို့နေခဲ့ရတဲ့ တိုက်ပေါ့။ အခုလဲ ဦးမြအေးတို့၊ ကိုမင်းသွေးသစ်တို့၊ ကိုလူမင်းတို့ကို အဲ့တိုက်မှာ ထားထားပါတယ်(ထပ်ရွေ့ရင်တော့ မပြောတက်ပါ)။ ၁တိုက်မှာ အခန်း၁၄ခန်းရှိပါတယ်။ ရေချိုးကန်ပါတယ်။ အိမ်သာကြွေခွက်ပါတယ်။ ကြမ်းခြင်းကို ကြွေပြားခင်းထားတယ်။ သူကတော့ တစ်ဘက်ပွင့်တိုက်ပါ။

မိန်းဂျေးဆိုတာကတော့ အလယ်ကမျှော်စင်ရှိတဲ့နေရာပါ။
ဘယ်ဘက်က တိုက်တန်းလျားလေးက ၁တိုက် နောက်ဘက်ခြမ်းဖြစ်ပြီး သူ့အရှေ့က တန်းလျားရှည်ကြီးကတော့ ၂တိုက်ပါ။
Photo- crd
ညာဘက်က မြင်ရတဲ့တိုက်တန်းကတော့ ၁တိုက်ပါ။
၁တိုက်က ၂ရှည်ရဲ့ နောက်ဘက်ခြမ်းကို မျက်နှာမူထားတာပါ။

တိုက်ထဲမှာ ၂တိုက် ကလွဲလို့ ကျန် ၁တိုက်၊ ၃တိုက်၊ ၄တိုက်၊ ၅တိုက်၊ ၆တိုက်တွေဟာ တစ်ဘက်ပွင့်တွေချည်းပါပဲ။ ထပ်ပြီးပြောရမှာက ၄တိုက်ပါ။ တိုက်ထဲမှာ ၂တိုက်ပြီးရင် ၄တိုက်ဟာလဲ တော်တော်ရှည်ပါတယ်။ သူ့ကိုလဲ ၂တိုက်လိုပဲ ၂ခြမ်းခွဲကန့်လိုက်ပါတယ်။ ၄ရှည်နဲ့ ၄တိုပါ။ ၄ရှည်မှာတော့ နှစ်ကြီးသမားတွေထားပါတယ်။ ၄တိုမှာတော့ နိုင်ငံခြားသားတွေအများစု(တရုတ်တွေ)နေပါတယ်။ ၆တိုက်ကတော့ နာမည်ကျော်ပြစ်ဒဏ်တိုက်ပါ။

ဦးဇာဂနာတင်ထားတဲ့ပုံပါ။ ၁တိုက်ရှေ့ပါ။ အဲ့ပုံထဲက ရက်စွဲအရဆို ကျနော်တို့ရှိနေတဲ့အချိန်ပါ။ ဒါပေမဲ့ ဒီပုံက ကျွန်တော့်ပုံမဟုတ်ပါ။
Photo- crd

ဘာလို့လဲဆို ၆တိုက်မှာ လောက်ကိုက်တာခံဘူးလား ဆိုတဲ့စာအုပ်ရှိပါတယ်။ ဒါပေမဲ့ ၆တိုက်က အခန်းနဲတယ်။ ၁၀ခန်းပက်ဝန်းကျင်ပဲရှိတယ်။

အခု 10D မှာ ဆန္ဒပြလို့၊ သွေးသစ္စာသီချင်းဆိုလို့ တိုက်ပိတ်တယ်ဆိုရင် တိုက်ထဲမှာ ပိတ်ထားမဲ့နေရာက ကျွန်တော့်အထင် ၅တိုက်ထဲမှာ ပိတ်မယ်ထင်တယ်။ ၆တိုက်က ပြစ်ဒဏ်တိုက်ဆိုပေမဲ့ အခန်းနဲရယ် နောက်လူအများ သွားလာလျှောက်လမ်းရှေ့ဖြစ်နေတာကရယ်ကြောင့် ၆တိုက်မှာ ထားမယ်လို့မထင်ဘူး။ တိုက်ထဲမှာမဟုတ်ပဲ တခြားနေရာတွေမှာထားလဲ ဖြစ်နိုင်ပါသေးတယ်။ စစ်ခွေးတိုက်မှာလိုမျိုးပေါ့။

Credit – Zayar Lwin

Tags: Breaking NewsInsein PrisonSpring Revolution
BNN Editor

BNN Editor

ဆက်စပ်နေသော ရေးသားချက်များ

နိုင်ငံရေး

Sky Aviator ကုမ္ပဏီ လီမိတက်နှင့် ပိုင်ရှင် ကျော်မင်းဦးကို အမေရိကန်က ဒဏ်ခတ်အရေးယူ”

နိုဝင်ဘာ 9, 2022
Sky Aviator ကုမ္ပဏီ လီမိတက်နှင့် ပိုင်ရှင် ကျော်မင်းဦးကို အမေရိကန်က ဒဏ်ခတ်အရေးယူ”

အာဏာသိမ်း မြန်မာစစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေနဲ့ ပတ်သက်နေတဲ့ Sky Aviator ကုမ္ပဏီ လီမိတက်နဲ့ ပိုင်ရှင် ကျော်မင်းဦးကို စီးပွားရေးအရ ပိတ်ဆို့ ဒဏ်ခတ် အရေးယူကြောင်း အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာနဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနတို့က နိုဝင်ဘာ ၈ ရက်မှာ...

Read more
by BNN Editor
0 Comments
Interview

“မြို့လယ်နေရာ၊ လမ်းမကြီး အချို့နေရာကလွဲရင် ကျန်ဒေသမှာ ကျနော်တို့တပ်တွေ လွတ်လွတ်လပ်လပ် လှုပ်ရှားနေပါတယ်”

နိုဝင်ဘာ 5, 2022
“မြို့လယ်နေရာ၊ လမ်းမကြီး အချို့နေရာကလွဲရင် ကျန်ဒေသမှာ ကျနော်တို့တပ်တွေ လွတ်လွတ်လပ်လပ် လှုပ်ရှားနေပါတယ်”

(ခူဒယ်နီယာ - အတွင်းရေးမှူး ၁- KNPP) “ပြည်နယ်မြို့တော် လွိုင်ကော်မြို့လယ် အပါအဝင် ပြည်နယ်တွင်းရှိ မြို့လယ်နေရာအချို့နဲ့ ပြည်ထောင်စုလမ်းမကြီး အစိတ်အပိုင်းအချို့ကလွဲရင် ကျန်ဒေသအားလုံးကို တော်လှန်ရေးတပ်တွေက ထိန်းချုပ်စိုးမိုးထားတယ်” လို့ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP အတွင်းရေမှူး-၁- ခူဒယ်နီယာက...

Read more
by BNN Editor
0 Comments
Interview

“လေကြောင်းတိုက်ပွဲက အဆုံးအဖြတ် မပေးနိုင်ပါဘူး။ မြေပြင်မှာ NUG နဲ့ EAO တွေကြား ပူးပေါင်းဆောင်ရွက်နိုင်မှုကသာ အဆုံးအဖြတ်ပေးပါလိမ့်မယ်”

အောက်တိုဘာ 30, 2022
“Air combat cannot be decisive. Only the cooperation between the NUG and the EAO on the ground will be decisive.”

(ဦးသန်းစိုးနိုင် - နိုင်ငံရေး စစ်ရေး ဝေဖန်သုံးသပ်သူ) “စစ်ကောင်စီဘက်က လေကြောင်းတိုက်ပွဲ တိုးပြီးဆင်နွှဲလာတာဟာ စစ်ရေးအရ အားသာလာတာမဟုတ်ဘဲ ကြည်းတပ် အခြေအနေ မကောင်းလို့ လေတပ်ကို အားကိုးနေရခြင်းသာဖြစ်တယ်။ လေကြောင်းတိုက်ပွဲဟာ စစ်မြေပြင်အနေအထားကို အဆုံးအဖြတ်ပေးနိုင်တဲ့ အချက် မဟုတ်ဘူး။...

Read more
by BNN Editor
0 Comments
နိုင်ငံရေး

မိုးခါးရေ ရုပ်ရှင် နော်ဝေနိုင်ငံမှာပြသ

အောက်တိုဘာ 30, 2022
Moe Khare movie screened in Norway

CDM တပ်မတော်သားတဦးအကြောင်း အခြေခံရိုက်ကူးထားတဲ့ ဒါရိုက်တာ ကိုပေါက်ရဲ့ မိုးခါးရေ ရုပ်ရှင်ကို နော်ဝေနိုင်ငံ အော်စလိုမြို့မှာ မနေက ပြသခဲ့ပါတယ်။ အော်စလိုမြို့ဝန်းကျင်ရှိ နွေဦးတော်လှန်ရေးထောက်ခံအားပေးသူ ရာနဲ့ချီ တက်ရောက်အားပေးတာတွေ့ရပြီး တော်လှန်ရေးရန်ပုံငွေ ခရိုနာ ၃ သောင်းကျော်အထိရခဲ့တယ်လို့ ပွဲစီစဉ်သူတွေကပြောပါတယ်။မနေ့ကပြသခဲ့တဲ့...

Read more
by BNN Editor
0 Comments
Load More
Next Post
မြောင်းတကာ စက်မှုဇုန်သို့ လာသည့် ဝန်ကြီး ယာဉ်တန်းကို မိုင်းဆွဲခံရ

မြောင်းတကာ စက်မှုဇုန်သို့ လာသည့် ဝန်ကြီး ယာဉ်တန်းကို မိုင်းဆွဲခံရ

တပ်မဟာအားလုံးက တညီတညွတ်တည်း စစ်ရေးလှုပ်ရှားမှုဆောင် ရွက်ဖို့လိုပါတယ်

တပ်မဟာအားလုံးက တညီတညွတ်တည်း စစ်ရေးလှုပ်ရှားမှုဆောင် ရွက်ဖို့လိုပါတယ်

BNN

| Burma News Network

BNN ကိုဘာကြောင့်ယုံကြည်နိုင်သလဲ။

အသုံးပြုရန်စည်းမျဥ်းကိုယ်ရေးအချက်အလက်လုံခြုံမှုမူဝါဒပူးတွဲဝန်ဆောင်မှုများ BNN ကိုဆက်သွယ်ရန်

Copyright © 2022 BNN | Burma News Network. All right reserved. ပြင်ပဝက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာများအတွက် BNN က တာဝန်မယူပါ။ ပြင်ပဝက်ဆိုက်များကို လင့် ထည့်ပေးခြင်းနှင့် ပတ်သက်သော BNN လုပ်ထုံးလုပ်နည်းကို ဖတ်ရန်

No Result
View All Result
  • ပင်မစာမျက်နှာ
  • မြန်မာ့ရေးရာ
  • နွေဦးတော်လှန်ရေး
  • နိုင်ငံတကာ
  • စီးပွားရေး
  • ဆောင်းပါး
  • အယ်ဒီတာ့အာဘော်
  • ဆယ်လီကမ္ဘာ
  • လူမှုဘဝ
  • ကိုဗစ်-19
  • မြန်မာမြန်မာ
    • မြန်မာမြန်မာ
    • EnglishEnglish

© 2021 BNN | Burma News Network. All right reserved.