၁၆/၅/၂၀၂၂
ဝါရှင်တန်မှာ ကျင်းပပြီးစီးခဲ့တဲ့ အမေရိကန် အာဆီယမ်ထိပ်သီးဆွေးနွေးပွဲကို အကျဥ်းချုပ်ပြောရရင် ရုရှားနဲ့တရုတ်ရဲ့ အင်ပါယာအယူအဆနဲ့ မြန်မာစစ်တပ်ရဲ့ ပြသနာတွေကိုပဲ အဓိက ပစ်မှတ်ထားဆွေးနွေးသွားတယ်လို့ ပြောနိုင်ပါတယ်။
အာဆီယမ်နိုင်ငံအများစုက တွန့်ဆုတ်နေတဲ့ ယူကရိန်းကျုးကျော်စစ်နဲ့ ရုရှားရှုတ်ချရေးခေါင်းစဥ်ကို အမေရိကန်က ဦးစားမပေးခဲ့ပဲ ရုရှားလိုပဲ တရုတ်က အာဆီယမ်အဖွဲ့ဝင်နိုင်ငံတွေရဲ့ အချုပ်အခြာအာဏာကို ကျုးကျော်လာရင် ဘယ်လိုလုပ်ကြမလဲဆိုတဲ့ ခေါင်းစဥ်ကို သွယ်ဝိုက်ချပြဆွေးနွေးသွားတာတွေ့ရပါတယ်။
ထိပ်သီးဆွေးနွေးပွဲမှာပွဲအဆူဆုံးကတော့ မြန်မာစစ်တပ်ပြသနာပါပဲ။ အင်ဒိုနီးရှား မလေးရှား စင်ကာပူနဲ့ ဖိလစ်ပိုင်တို့က မြန်မာ့ပြသနာမဟုတ်ပဲ မြန်မာအာဏာသိမ်းစစ်တပ်ပြသနာဆိုတဲ့မှုကို တစိုက်မတ်မတ်ဆုပ်ကိုင်ပြောဆိုတာတွေ့ရပါတယ်။
သမ္မတဒူတာတေးကိုယ်စားတက်ရောက်လာတဲ့ ဖိလစ်ပိုင်နိုင်ငံခြားရေး၀န်ကြီး TEODORO LOCSIN ကဆိုရင် အာဆီယမ်အနေနဲ့ ဘုံသဘောတူညီချက် ၅ ချက်ကို အကောင်အထည်မဖေါ် နိုင်ဘူးဆိုရင် နိုင်ငံရေးရာဇဝတ်မှုတွေ နဲ့ လူ့အခွင့်အရေးဆိုင်ရာ ကပ်ဘေးကြီးတစ်ခု ကို တရားဝင်အောင်ဖြစ်အောင် အားပေးနေသလိုဖြစ်မယ်
ဖိလစ်ပိုင်နိုင်ငံခြားရေး၀န်ကြီး TEODORO LOCSIN
ဆွေးနွေးပွဲကို သမ္မတဒူတာတေးကိုယ်စားတက်ရောက်လာတဲ့ ဖိလစ်ပိုင်နိုင်ငံခြားရေး၀န်ကြီး TEODORO LOCSIN ကဆိုရင် အာဆီယမ်အနေနဲ့ ဘုံသဘောတူညီချက် ၅ ချက်ကို အကောင်အထည်မဖေါ် နိုင်ဘူးဆိုရင် နိုင်ငံရေးရာဇဝတ်မှုတွေ နဲ့ လူ့အခွင့်အရေးဆိုင်ရာ ကပ်ဘေးကြီးတစ်ခု ကို တရားဝင်အောင်ဖြစ်အောင် အားပေးနေသလိုဖြစ်မယ်လို့လည်း ပြောခဲ့ပါတယ်။ ဒါ့အပြင် စကစခေါင်းဆောင် ကိုယ်တိုင်ကတိပေးထားတဲ့အတိုင်း သက်ဆိုင်သူအားလုံး ပါဝင်ပြီး အဓိပ္ပာယ်ပြည့်ဝတဲ့ တွေ့ဆုံဆွေးနွေးမှုတွေ မဖြစ်မနေအကောင်အထည်ဖေါ်ရမှာဖြစ်သလို တွေ့ဆုံဆွေးနွေးပွဲတွေမှာ မဖြစ်မနေပါရမဲ့သူဟာ ဒေါ်အောင်ဆန်းစုကြည်ဖြစ်တယ်လို့လည်း ပြောခဲ့တာတွေ့ရပါတယ်။
ပိုပြီးထူးခြားတာကတော့ ဖိလစ်ပိုင်နဲ့ မလေးရှား ၂ နိုင်ငံစလုံးက အာဆီယမ်သာမက နိုင်ငံတကာအနေနဲ့ NUG အစိုးရနဲ့ မဖြစ်မနေ ထိတွေ့ဆက်ဆံဖို့ လိုနေပြီလို့ တင်ပြဆွေးနွေးခဲ့ကြတာပဲဖြစ်ပါတယ်။
BNN #USAsean #ASEAN