၅/၅/၂၀၂၂
ဂျူးတွေအပေါ် စော်ကားပြောမိခဲ့တဲ့ အပေါ် ရုရှားနိုင်ငံခြားရေး၀န်ကြီးကိုယ်စား တောင်းပန်ကြောင်း သမ္မတပူတင်က ပြောပါတယ်။ ဒီကနေ့ အစ္စရေး၀န်ကြီးချုပ် Naftali Bennett ကို ပူတင်ကိုယ်တိုင်ဖုန်းဆက်တောင်းပန်ခဲ့တာလို့ အစ္စရေးအစိုးရ တာ၀န်ရှိသူတွေက ပြောပါတယ်။
ဟစ်တလာဟာ ဂျူးသွေးပါတယ်လို့ပြောခဲ့သလို ဂျူးတွေအပေါ်ကို ရန်အလိုဆုံးသူတွေဟာ ဂျူး တွေပဲဖြစ်တယ်လို့လည်း ရုရှားနိုင်ငံခြားရေး၀န်ကြီး Lavrovက ပြောခဲ့တာဖြစ်ပါတယ်။ ယူကရိန်းသမ္မတ Zelenskyy ဟာ ဂျူးဖြစ်ပေမဲ့ ဟစ်တလာလို ဂျူးမျိုးဖြစ် တယ်ဆိုတာကို Lavrovက နိုင်းယှဥ်ပြောခဲ့တာပါ။
ဒါပေမဲ့ ဂျူးတွေကို လူမျိူးသုဥ်းသတ်ဖြတ်ဖို့ ကျိုးစားခဲ့သူဟာ ဂျူးတွေ ပဲဖြစ်တယ်ဆိုတဲ့ သဘောသက်ရောက်နေတဲ့အတွက် Lavrov ရဲ့ပြောပြချက်ကို အစ္စရေးအစိုးရနဲ့ ဂျူးတွေက အပြင်းအထန် ကန့်ကွက်ခဲ့ကြပါတယ်။ ရုရှားနိုင်ငံခြားရေး၀န်ကြီးဌာနက မတောင်းပန်တဲ့အပြင် အစ္စရေးအစိုးရဟာ ယူကရိန်းနာဇီအစိုးရကို ကူညီ ထောက်ပံ့နေတယ်လို့ ထပ်မံပြောဆိုခဲ့ရာက ၂ နိုင်ငံ ဆက်ဆံရေး တင်းမာလာနေတာဖြစ်ပါတယ်။
အစ္စရေးရဲ့ ဒုံးခွင်းဒုံး စနစ်တွေ ယူကရိန်းကို ကူညီပို့ပေးဖို့ အစ္စရေးအစိုးရထဲမှာ တောင်းဆိုသံတွေထွက်လာချိန်မှာ ပူတင်က အခုလို ဖုန်းဆက် တောင်းပန်ခဲ့တာဖြစ်ပါတယ်။
ရုရှားအစိုးရပိုင်သတင်းတွေမှာတော့ ပူတင်က တောင်းပန် တယ်ဆို တဲ့အကြောင်းကို ဖေါ်ပြခွင့်မရှိပဲ အစ္စရေးနိုင်ငံ လွတ်လပ်#BNN #IsraelRyssia ရေးနေ့အတွက် ဂုဏ်ပြု စကား ပြောဆို တာမျိူးပဲ ဖေါ်ပြခွင့်ရ တယ်လို့ လွတ်လပ်တဲ့ရုရှားသတင်းတွေက ဖေါ်ပြပါတယ်။
BNN /Israel-Ryssia