၁၂/၃/၂၀၂၂
” ယူကရိန်းကို ကျူးကျော်တိုက်ခိုက်မယ်ဆိုရင် ပြင်းထန်တဲ့ စီးပွါးရေးပိတ်ဆို့မှုတွေနဲ့ရင်ဆိုင်ရမယ်လို့ အမေရိကန်နဲ့ အနောက်နိုင်ငံတွေက သတိပေးသည်”
(နိုင်ငံတကာသတင်းဌာနများ)
” ရုရှားသည် မည်သည့်နိုင်ငံကိုမျှ ကျုးကျော်တိုက်ခိုက်ရန် အစီအစဉ်မရှိသည့်အတွက် အမေရိကန်ကဦးဆောင်ပြီး သတင်းမှားတွေဖြန့်ချီ လူတွေကြောက်အောင်ခြိမ်းခြောက်ပြောဆိုနေတာဖြစ်သည် ” (ရုရှားအစိုးရပိုင်သတင်းဌာနများ)
” ယူကရိန်းကို၀င်တိုက်တာချက်ခြင်းရပ်ဖို့ အမေရိကန်နဲ့ NATO က ရုရှားအစိုးရကို တောင်းဆိုထားသည်”
(နိုင်ငံတကာသတင်းဌာနများ)
” ယူကရိန်းကိုတိုက်တာမဟုတ်ပဲ ယူကရိန်းမှာ လူမျိုးတုန်းသတ်ဖြတ်မှုတွေကျူးလွန်နေတဲ့ နာဇီအစိုးရလက်အောက်က ယူကရိန်းပြည်သူတွေလွတ်မြောက်ဖို့နဲ့ ငြိမ်းချမ်းရေးထိမ်းသိမ်းပေးဖို့ ဖြစ်သည်” (ရုရှားအစိုးရပိုင်သတင်းဌာနများ)
” အနောက်နိုင်ငံတွေက ယူကရိန်းကို ကျူးကျော်မှုအတွက် ရုရှားနိုင်ငံကို စီးပွါးရေးပိတ်ဆို့ဒဏ်ခတ်ဖို့ ဆုံးဖြတ်သည်”
(နိုင်ငံတကာသတင်းဌာနများ)
” အမေရိကန်နဲ့ NATO က ရုရှားရဲ့ ဖွံဖြိုးတိုးတက်မှုတွေကို မနာလို ဖျက်ဆီးလိုတဲ့အတွက် ရုရှားကို စီးပွါးရေးပိတ်ဆို့ဖို့ ဆုံးဖြတ်ကြသည်”
(ရုရှားအစိုးရသတင်းဌာနများ)
” ရုရှားအစိုးရက အရပ်သားတွေကို ပစ်မှတ်ထားတိုက်ခိုက်တာမရှိဘူးပြောနေပေမယ့် ရုရှားတပ်တွေက သားဖွားဆေးရုံကိုပါ ဗုံးကြဲတိုက်ခိုက်ခဲ့သည်”
(နိုင်ငံတကာသတင်းဌာနများ)

” အနောက်နိုင်ငံသတင်းဌာနများကို ပိတ်ပင်ရခြင်းသည် သတင်းမှားများကို ရည်ရွယ်ချက်ရှိရှိ ဗီဒီယို ဓါတ်ပုံအတုများနှင့် ထုတ်လွှင့်ပြသနေသည့်အတွက်ဖြစ်သည်။ အွန်လိုင်းမှာမြင်ရသည့် ဗီဒီယို ဓါတ်ပုံများအားလုံးသည် အမှန်တကယ်မဟုတ်ပဲ အတုတွေသာဖြစ်သည်။ ရုရှားအစိုးရကထုတ်လွှင့်ပြသနေမှုများသည်သာ ဖြစ်ရပ်မှန်များဖြစ်သည်။
ဆေးရုံမဟုတ်ပဲ နာဇီတပ်သားသစ်လေ့ကျင့်ရေးကျောင်းဖြစ်သည်”
(ရုရှားအစိုးရပိုင်သတင်းဌာနများ)
” ယူကရိန်းအစိုးရက မတရားကျူးကျော်စစ်ကို ခုခံကာကွယ်ပေးလိုသူတိုင်း ယူကရိန်းကိုလာကြဖို့ တောင်းဆိုထားသည်”
(နိုင်ငံတကာသတင်းဌာနများ)
” အနောက်နိုင်ငံများက ယူကရိန်းနာဇီအစိုးရကို ကြေးစားစစ်သားတွေ လက်နက်တပ်ဆင်ပေးပြီး ကူညီပေးဖို့ စေလွှတ်နေသည်ဟု သတင်းရသည်”
(ရုရှားအစိုးရပိုင်သတင်းဌာနများ)
” ယူကရိန်းနိုင်ငံတကာတပ်ဖွဲ့မှာ နိုင်ငံစုံက အင်အား ၂ သောင်းနီးပါး ပါ၀င်တိုက်ပွဲ၀င်နေသည်ဟု ယူကရိန်းအစိုးရက ကြေညာသည်”
(နိုင်ငံတကာသတင်းဌာနများ)
” ယူကရိန်းကို ကူတိုက်ပေးသည့် နိုင်ငံခြားသားကြေးစားများကို စစ်သုံ့ပန်းအဖြစ်မဟုတ်ပဲ ရာဇ၀တ်သားတွေအဖြစ်ဆက်ဆံမည်ဖြစ်သည်။ အာဖရိကနဲ့ အရှေ့အလယ်ပိုင်းက ရုရှားကို လာရောက်ကူညီမည့် စေတနာ့၀န်ထမ်းစစ်သား ၁သောင်း ၆ ထောင်ကျော်ရှိနေပြီးကြေးစားများမဟုတ်ပဲ ရုရှားကို အနောက်နိုင်ငံတွေက ဝိုင်းအနိုင်ကျင့်နေတာကို ခံပြင်းဒေါသထွက်လို့ ဖြစ်သည်
(ရုရှားအစိုးရပိုင်သတင်းဌာနများ)