၃၁/၃/၂၀၂၂
အသက် ၁၈ ကနေ ၂၇ နှစ်အရွယ်ကျန်းမာရေးကောင်းမွန်သူတွေအနေနဲ့ အခုနှစ်အတွက် တပ်သားသစ် စစ်သင်တန်းကို အချိန်စောပြီး တက်ရောက်ဖို့ လွှတ်တော်ရဲ့ အဆိုပြုချက်ကို သမ္မတ ပူတင်က ဒီကနေ့ လက်မှတ်ရေးထိုး အတည်ပြုလိုက်ပါတယ်။

၄ လကြာဖွင့်လှစ်သင်ကြားမယ့် အရန်တပ်သားသစ်သင်တန်းကို တပ်သား ၁ သိန်း ၃ သောင်းကျော် (၁,၃၄,၅၀၀) စုဆောင်းဖို့နဲ့ ရုရှားကာကွယ်ရေး၀န်ကြီးဌာနနဲ့ သက်ဆိုင်ရာပြည်နယ်တာ၀န်ခံတွေက ပူးပေါင်းဆောင်ရွက်ရမယ်ဆိုပါတယ်။ အရန်တပ်သားတွေရဲ့ စစ်မှုထမ်းသက်တမ်းကိုတော့ လွှတ်တော်က ပြန်လည်ဆွေးနွေးဖို့ ဖေါ်ပြထားပါတယ်။ လောလောဆယ် စစ်မှု မထမ်း မနေရ ဥပဒေအရ အရွယ်ရောက်သူတိုင်း ၁ နှစ် တာ၀န်ထမ်းဆောင်ရမှာဖြစ်ပါတယ်။ ပုံမှန်အရဆိုရင် မေလ ဇွန်လတွေမှာ စတင်လေ့ရှိပြီး လူဦးရေကို သတ်မှတ်ခြင်းမရှိခဲ့ပါဘူး။
ဥပဒေအရ တပ်ထဲ၀င်ရသူတွေကို ရှေ့တန်းစစ်မြေပြင်တွေဆီ မပို့ရဘူးလို့လည်း သမတပူတင်က ဖြည့်စွက်ဖေါ်ပြထားတယ်ဆိုပါတယ်။ ဒါပေမယ့် ယူကရိန်းမှာ ဖမ်းမိထားတဲ့ ရုရှားစစ်သားတွေထဲမှာ အသက် ၁၄ နှစ်အရွယ်တွေပါသလို စစ်မှု မထမ်းမနေရဥပဒေအရ စစ်သားဖြစ်နေရတဲ့ လူငယ်တွေများတယ်လို့ အပြည်ပြည်ဆိုင်ရာကြက်ခြေနီအဖွဲ့က ပြောထားပါတယ်။