၃/၃/၂၀၂၂
မနေ့ညက ယူကရိန်းဆိပ်ကမ်းမြို့ကို ရုရှားကျုးကျော်တပ်တွေက ၀င်သိမ်းပိုက်ချိန်မှာ (ရုရှားအခေါ် )လွတ်မြောက်ရေးနဲ့ အထူးစစ်ဆင်ရေးရဲ့ တပ်မှူးချုပ် ဗိုလ်ချုပ်Andrei Aleksandrovich သေဆုံးသွားတဲ့အတွက် ရုရှားက လုပ်ဖေါ်ကိုင်ဖက်တွေနဲ့ မိသားစုတွေက ၀မ်းနည်းကြောင်း လူမှုကွန်ယက်တွေမှာ ရေးသားထားပါတယ်။
ဒီကနေ့ ရုရှားကာကွယ်ရေး၀န်ကြီးဌာန သတင်းစာရှင်းလင်းပွဲမှာတော့ ဗိုလ်ချုပ် Andrei Aleksandrovich နဲ့ လောလောဆယ်အဆက်အသွယ်မရသေးတဲ့အတွက် အတိအကျ မသိရသေးကြောင်း ရုရှားပြောခွင့်ရပုဂိုလ်က ပြောပါတယ်။
မနေ့ညက ရုရှားတပ်တွေက ယူကရိန်းဆိပ်ကမ်းမြို့ Kherson ကို တညလုံးဗုံးကြဲတိုက်ခိုက်ခဲ့ပြီး သိမ်းပိုက်ခဲ့တာပါ။ Kherson မြို့က သတင်းထောက်တွေအပြောအရ ရုရှားစစ်တပ်ဟာ အရပ်သားလူနေအိမ်တွေကို ပိုပစ်မှတ်ထားပြီး လူတွေ ထွက်ပြေးအောင်လုပ်တဲ့နည်းကို ကျင့်သုံးလာတယ်ဆိုပါတယ်။
ယူကရိန်းပြည်သူတွေက ကြိုဆိုလက်ခံလိမ့်မယ်ဆိုတဲ့ ဝါဒဖြန့်မှုနဲ့ ၀င်တိုက်ခဲ့ကြပေမယ့် လက်တွေ့မှာ ယူကရိန်းပြည်သူတွေကပါ ပျောက်ကြားနည်းနဲ့ ကူညီတိုက်ခိုက်နေသလို အစားအစာထောက်ပံ့တာတွေ မလုပ်တဲ့အတွက် လူနေအဆောက်အဦးတွေကို ပိုပြီး ပစ်မှတ်ထားပစ်ခတ်နေတယ်ဆိုပါတယ်။
ကနေဒါသတင်းထောက်တဦးအပြောအရ ရုရှားသိမ်းလိုက်တဲ့ Khersonမြို့မှာ ယူကရိန်းစစ်သားများများစားစားမတွေ့ရပဲ ရုရှားက တညလုံး ဗုံးကြဲတိုက်ခိုက်နေတာလို့ ပြောပါတယ်။ မြေပြင်က ၀င်ရင် အခြေအနေမလှတဲ့အတွက် လေကြောင်းနဲ့ အဝေးပစ်လက်နက်ကြီးတွေပဲ ရမ်းပစ်ခတ်ခတ်နေသလိုဖြစ်နေတယ်လို့လည်း Kherson။ မြို့ရောက် ကနေဒါ စစ်မြေပြင်သတင်းထောက်တဦးက ပြောပါတယ်။