၃/၃/၂၀၂၂
ပူတင်ကို သက်ဆိုးရှည်အောင်ကူညီနေတဲ့ ရုရှားခေတ်ပျက်ခရိုနီသူဌေးတွေရဲ့ ပိုင်ဆိုင်မှုတွေကို ဥရောပ ကနေဒါနဲ့ အမေရိကန်မှာ စတင်ပိတ်ဆို့ သိမ်းယူနေပြီဖြစ်ပါတယ်။
မနေ့က ဂျာမဏီ ဟမ်းဘတ်ဆိပ်ကမ်းမှာရှိတဲ့ ခေတ်ပျက်သူဌေးAlisher Usmanov ရဲ့ ဒေါ်လာသန်း ၆၀၀ ကျော်တန် ဇိမ်ခံရွက်လှေကို ဂျာမန်ရဲတပ်ဖွဲ့က သိမ်းယူခဲ့ပြီး ဒီကနေ့မှာ ခေတ်ပျက်သူဌေးIgor Sechin ရဲ့ ဇိမ်ခံရွက်လှေကို ပြင်သစ်အကောက်ခွန်က သိမ်းယူခဲ့ကြောင်း ပြင်သစ် ဘဏ္ဍာရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။