၅/၃/၂၀၂၂
” ရုရှားစစ်တပ်အပေါ် အထင်မှား အမြင်မှားအောင် သတင်းမှား ရေးသားထုတ်လွှင့်သူ ရုရှားနိုင်ငံသားသာမက မည်သူကိုမဆို ရာဇဝတ်မှုနဲ့ တရားစွဲဆိုနိုင်မယ့် ဥပဒေကို ပူတင်က အတည်ပြုလက်မှတ်ရေးထိုးပေးလိုက်ပြီဖြစ်သည်။
အတည်ပြုလိုက်တဲ့ ဥပဒေအရ ထောင် (၁၅) နှစ်အထိချမှတ်နိုင်သည်ဆိုသည်။ ဥပဒေအတည်ပြုလိုက်သည့် အတွက် နိုင်ငံတကာသတင်းဌာနတော်တော်များများ ရုရှားကနေ စတင်ထွက်ခွါနေကြပြီဖြစ်သည်။
တယ်လီဂရမ်မှလွဲရင် ကျန်လူမှုကွန်ယက်အားလုံးလည်း ရုရှားမှာ ပိတ်ဆို့တားမြစ်မည်ဟု ဖေါ်ပြထားပြီး လောလောဆယ် Facebook ကို အသုံးပြုလို့မရတော့ကြောင်း ရုရှားသတင်းထောက်တွေကပြောသည်။

ယူကရိန်းမှာ ရုရှားစစ်သားတွေ ထွက်ပြေး လက်နက်ချတာလုံးဝမရှိသလို လူနေအိမ်တွေကို တမင်တကာ ဗုံးကြဲပစ်ခတ်ခြင်းလည်းမရှိကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ပြောနေပေမယ့် သတင်းမှားတွေ ရေးသားဖြန့်ဝေထုတ်လွှင့်နေကြတဲ့အတွက် အခုလို ” သတင်းမှားတားဆီးရေးဥပဒေကို” ပြဌာန်းရခြင်းဖြစ်ကြောင်း ရုရှားအစိုးရကကြေညာထားပါသည်”
BNN/International News