လေယာဥ်မပျံရဇုံသတ်မှတ်ဖို့ ခက်နေကြရင် လေယာဥ်တွေပေးပါ ကျနော်တို့ ခုခံတိုက်မယ်
(ယူကရိန်းသမ္မတရဲ့ သတင်းစာရှင်းလင်းပွဲ အနှစ်ချူပ်)
၄/၃/၂၀၂၂
တနေ့ကို ၃ နာရီလောက် ကောင်းကောင်း အိပ်လို့ရပါတယ်။
ယုံကြည်မူရှိရင် ပူတင်အနေနဲ့ မီတာ ၃၀ လောက်ရှည်တဲ့ ဆွေးနွေးဖို့ ခုံအရှည်ကြီးတွေ မလိုပါဘူး။ အခုလို ခင်ဗျားတို့နဲ့ ပြောသလို ထိုင်ပြောလိုက်လို့ရပါတယ်။ ဘာကိုကြောက်နေတာလဲ။ ကိုက်မစားပါဘူး။
ရုရှားကိုလာပြီး ယူကရိန်းကတိုက်နေလည်းမဟုတ်ဘူး၊ ခြိမ်းခြောက်နေတာလည်းမဟုတ်ဘူး။ ရုရှားတပ်သားတွေ ဘာလိုချင်တာလဲ။ ယူကရိန်းမှာ ခင်ဗျားတို့အတွက် ဘာမှမရှိဘူး။ အိမ်သာပြန်ပါ။
ယူကရိန်းကျဆုံးသွားရင် ဘော်လတစ်နိုင်ငံတွေအလှဲ့ လာပါလိမ့်မယ်။
ယူကရိန်းက နျူကလီးယားသုံးစွမ်းအင်စက်ရုံတွေကို နိုင်ငံတကာက ကာကွယ်မပေးနိုင်ရင် အားလုံးနိဂုံးချုပ်ရတဲ့ နေ့ကို ရောက်သွားပါလိမ့်မယ်။ လေယာဥ်မပျံရသတ်မှတ်ဖို့ ခက်နေကြရင်လည်း လေယာဥ်တွေပေးပါ။ ယူကရိန်းနိုင်ငံသားတွေကိုယ်တိုင် ကာကွယ်မယ်။
(မနေ့က ကျင်းပခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှဖြစ်သည်)