၂၆/၃/၂၀၂၂
ပြည်ပမှာရှိတဲ့ ရုရှားသံရုံးတွေ ရုရှားအစိုးရအဖွဲ့အစည်းတွေအပေါ် ဝေဖန်တိုက်ခိုက်တာ ရုရှားစစ်တပ်အပေါ် သတင်းမှားဖြန့်ချီသူ ပြည်ပက ဘယ်သူကိုမဆို ရုရှားကပြဌာန်းထားတဲ့ ရာဇ၀တ်မှုနဲ့ စုံစမ်းစစ်ဆေးခွင့်ပေးထားတယ် (ပူတင်)
ယူကရိန်းငြိမ်းချမ်းရေးအတွက် အထူးစစ်ဆင်ရေးဆင်နွဲလိုက်တာဟာ ရုရှား တရုတ် အိန္ဒိယ ၃ နိုင်ငံသွေးစည်းညီညွတ်ရေးကို ပိုခိုင်မာသွားစေခဲ့တယ်။ ဒီနိုင်ငံကြီး ၃ နိုင်ငံကပဲ ဦးဆောင်သွားမယ့်ကမ္ဘာ့အခင်းအကျင်းအသစ်ပေါ်လာပြီပြောနိုင်တယ် ( သမ္မတဟောင်းနဲ့ လက်ရှိ ရုရှားလုံခြုံရေးကောင်စီ ဒုဥက္ကဌ)
G 20 အဖွဲ့အစည်းအဝေးမှာ အိမ်ရှင်အင်ဒိုနီးရှားကတောင် ဘာမှမပြောဘူး။ အမေရိကန်နဲ့ ပိုလန်က ရုရှားကို မဖိတ်ဖို့ လုပ်နေတယ်။ ရုရှားရဲ့ မိတ်ဆွေစစ်တွေ ဘယ်သူဆိုတာ မကြာခင် သိရမှာပါ (နိုင်ငံခြားရေး၀န်ကြီး)
အထူးစစ်ဆင်ရေးက ဒဏ်ရာနဲ့ ပြန်လာရသူအားလုံးကို စစ်မှုထမ်းဟောင်းသူရဲကောင်းလို့ ခေါ်ဆိုခွင့်ကိုသ မ္မတပူတင်က အတည်ပြု လက်မှတ်ထိုးလိုက်ပါပြီ (လွှတ်တော်ပြောခွင့်ရ)
အခုသေဆုံးစာရင်း ၁ ထောင်ကျော်ဆိုတာက ကျနော်တို့ အလောင်းပြန်ရတဲ့အပေါ် မူတည်ပြီး ပြောတာပါ။ ကျနော်ပြောတဲ့အထဲမှာ ပျောက်ဆုံး နဲ့ ဖမ်းဆီးခံ စာရင်း မပါဘူးဆိုတာ သိမယ်ထင်ပါတယ် (ရုရှားအထူးစစ်ဆင်ရေးစစ်ဦးစီးဗိုလ်ချုပ်ကြီး)
ပိတ်ဆို့ပြီးနောက်ပိုင်း သွင်းကုန်လုပ်ငန်းတွေက ၈၀% ကနေ ၁၀၀ %အထိ တိုးတက်လာနေတယ် (ဒု၀န်ကြီးချုပ်)
အရန်တပ်ဖွဲ့တွေ လူငယ်တပ်ဖွဲ့တွေကို အခုထိ ဆင့်ခေါ်တာ မရှိပါဘူး။ အမြဲတမ်းတပ်ဖွဲ့၀င်တွေ လုံလောက်တာထက်တောင် ပိုနေတဲ့အခြေအနေပါ (အရန်တပ်ဖွဲ့ပြောခွင့်ရ)
အီကွေဒေါက လယ်သမားတွေ အနောက်နိုင်ငံတွေရဲ့ ပိတ်ဆို့မှုကြောင့် သူတို့ ငှက်ပျောသီးတွေကို ရုရှားကို ပို့လို့မရဘူးဖြစ်နေတယ်။ ဒါဟာ စီးပွါးရေးအခွင့်အရေးကို ချိုးဖေါက်ခံနေရတာဖြစ်တယ် (သွင်းကုန်လုပ်ငန်းပြောခွင့်ရ)
ရုရှားပြည်သူတွေအနေနဲ့ ငွေတွေကို အိမ်မှာမထားပဲ ဘဏ်တွေမှာ အပ်နှံစုဆောင်းဖို့နဲ့ အရာရာအာမခံသလို အတိုးကောင်းကောင်းရပါလိမ့်မယ် (ဘဏ္ဍာရေး၀န်ကြီး)