၅/၃/၂၀၂၂
ဆီရီးယားပြည်တွင်းစစ်မှာ အရပ်ဖက်ဆေးရုံတခုကို ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ICC ကနေ ဖမ်းဆီးပေးဖို့ တောင်းဆိုခံခဲ့ရဘူးတဲ့ ရုရှားလေယာဉ်မှူး ဗိုလ်မှူး Krasnoyartsev ကို ယူကရိန်းတပ်တွေက ဒီကနေ့ အရှင်ဖမ်းမိခဲ့ပါတယ်။
ဗုံးကြဲပြီးအပြန်မှာ Krasnoyartsev ရဲ့ Su 34 ဗုံးကြဲတိုက်လေယာဉ်ကို ယူကရိန်းတပ်တွေက ပစ်ချနိုင်ခဲ့တာလို့ဆိုပါတယ်။ ဒဏ်ရာတွေရထားတဲ့ ဗိုလ်မှူး Krasnoyartsev ကို ICC ကို အမြန်လွှဲပြောင်းပေးမယ်လို့ ယူကရိန်းကာကွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။