ယနေ့ အချိန်အခါသည် ပြည်သူလူထု များအနေဖြင့် စစ်တပ် အာဏာ သိမ်းပြီး ၂၀၂၁ ခုနှစ် ကတည်းက ယခု ၂၀၂၂ ခုနှစ် ရောက်သည့်တိုင် ကျီးလန့်စာစား ဘ၀များဖြင့် နေ့စဉ် ဖြတ်သန်းလျက်ရှိနေကြရသည်။
ထိုသို့ ခက်ခဲလှသော နေ့စဉ်ဘ၀များကို ရုန်းကန် နေရင်းကပင် အလစ်သမား ၊ သူခိုး ၊ ဓားပြ ၊ ခိုးဆိုးလုနှိုက် သမားများ ရန်ကလည်း မသေးလှ။ ယခု အခါ ရန်ကုန် မြို့ တွင် ခိုးဆိုးလုနှိုက် များ အုပ်စုဖွဲ့ ဓားပြတိုက်မှု များ က နေ့စဉ် ဆိုသလို ဖြစ်ပွားလျှက်ရှိနေသည်ကို ထိတ့်လန့်စွာ တွေ့မြင်နေရသည်။
အဆိုပါ ဖြစ်စဉ်များထဲက အချို့ကို ပရိသတ်များသတိပြု သိရှိနိုင်စေရန် စုစည်းဖော်ပြလိုက်ပါသည်
ကြည့်မြင်တိုင်မြို့နယ်၊ ပန်းပင်ကြီးလမ်း ဓားပြတိုက်မှု
အခင်းဖြစ်စဉ်မှာ အိမ်ရှင် အမျိုးသမီးက စျေးသွားနေချိန်ဖြစ်ပြီး အသက် ၈၀ ကျော် အဘွားတစ်ဦးနဲ့ အမျိုးသမီးငယ်လေးတို့ပဲ ကျန်ရစ်နေချိန် ဖြစ်သည်။ အလစ်အငိုက်ကိုချောင်းနေတဲ့ ဓားပြ အဖွဲ့ဟာ အိမ်တွင်းဝင်ရောက်ပြီး အိမ်ရှိပစ္စည်းများကို မွှေနှောက်ရိုက်ခွဲ ရှာဖွေပြီး ယူဆောင်သွားခဲ့ကြတာလို့ သတင်းတွေက ဖော်ပြပါတယ်။



YBS 42 ပေါ် က ဓားပြအဖွဲ့
ယခု ၂၀၂၂ ဖေဖေါ်ဝါရီကလည်း YBS 42 ပေါ်မှာ အုပ်စုဖွဲ့ ဓားပြတိုက်တဲ့ ဖြစ်စဉ် တစ်ခုလည်း ဖြစ်ပွားခဲ့ပါသေးတယ်။ သာကေတ -မြောက်ဥက္ကလာပ- ရွှေပြည်သာဘက်ကို ပြေးဆွဲတဲ့ YBS 42 ယာဉ် ပေါ်မှာ ဓါးကိုင်ပြီး လုယက်မယ့်သူတွေ ပါလာခဲ့တာကို ဘယ်သူမှ မသိပါဘူး ။ မြောက်ဥက္ကလာပမြို့နယ်၊ ကန်သာယာလမ်းဆုံအနီး၊ သုဓမ္မာလမ်းမကြီးပေါ်က အိ န္ဒြာမှတ်တိုင် အရောက်မှာတော့ အဲဒီလူအုပ်စု ဟာ ဓါးတွေနဲ့ ယာဉ်ပေါ်ပါ ခရီးသည် နဲ့ ယာဉ်မောင်းတို့ကို ခြိမ်းခြောက်ခဲ့တယ်လို့ သိရပါတယ်။

အဲဒီဖြစ်ရပ်ဟာ နေ့လည်ခင်း အချိန်မှာ ဖြစ်ခဲ့တာဖြစ်ပြီး YBS 42ပေါ်မှာ ခရီးသည် အနည်းငယ်သာ ကျန်တော့လို့ ပြန်လည်ခုခံဖို့ အဆင်မပြေခဲ့ကြဘူး လို့သိရပါတယ်။ ဒီဖြစ်စဉ်မှာ YBS ယာဉ်မောင်းရဲ့ ပိုက်ဆံတွေနဲ့ ခရီးသည်တွေရဲ့ ဖုန်းတွေ ရွှေတွေ လုယက်ခံလိုက်ရတယ်လို့ သိရပါတယ်။
အင်းစိန် ဖော့ကန် ကားမှတ်တိုင်တွင် ဓားပြတိုက်မှု
ထို့အပြင် ပြီးခဲ့သည့် ၂၀၂၂ မေလ ပိုင်းကလည်း အင်းစိန်မြို့ ဖော့ကန်ဘက်တွင် လူတစ်စုသည် အမျိုးသမီးတစ်ဦးအား ဓားပြတိုက်ပြီး ဖုန်းနှင့်ဆွဲကြိုးကို လုယူခဲ့ကြသည့် ဖြစ်စဉ်လည်းဖြစ်ပွားခဲ့သေးသည်။ လာရောက်ကူညီပေးသည့် သူများကို ဓားဖြင့်လိုက်ခုတ်ခြင်း၊ ကြည့်နေသည့် လူများအားလည်း ဓားဖြင့် လိုက်ရွယ်ခြင်းကာ ရန်ပြုခဲ့ကြသည်။ အနီးနားရှိ ပြည်သူလူထု က လူအင်အားဖြင့် လုံးထွေး ဖမ်းဆီးကြမှ ဖမ်းလို့ရခဲ့သည်။
ဥပဒေများသည် ယခု အချိန် အသုံးမဝင်တော့ပေ။ ကိုယ်ဖြစ်လျှင် ကိုယ်ခံရသည့်ခေတ်။ ခေတ်ဆိုး ခေတ်ကြပ်ကြီး ကို မြန်မာပြည်သူလူထု ခါးစည်းဖြတ်သန်းနေကြရသည်။ ဥပဗဒသည် ဖြစ်ချင်တိုင်းဖြစ်လျက်ရှိနေသည်။
ကမာရွတ် ရဲစခန်း အနီး လုယက်မှု
ကမာရွတ် မြို့နယ် ၊ ရဲစခန်း နှင့် ဂရန်းဟံသာ ဆေးရုံကြီး အနီး တွင် လမ်းလျှောက်လာသည့် အမျိုးသမီးကြီး တစ်ဦးကို ဆွဲကြိုးဖြတ်လုသည့် ဖြစ်စဉ်တစ်ခု ၂၀၂၂ ခုနှစ်မေလ ၃၀ ရက်နေ့က ဖြစ်ပွားခဲ့သည်။
ဖြစ်စဉ်မှာ အဆိုပါ အမျိုးသမီးကြီးသည် ကမာရွတ်ရဲစခန်း ရှိသည့် ဘက် လူသွားလမ်းပေါ်က လမ်းလျှောက်လာစဉ် နောက်မှလိုက်လာသည့် အမျိုးသားတစ်ဦးက လည်ပင်းရှိ ဆွဲကြိုးကို ဖြတ် ပြေးခြင်းဖြစ်သည်။ ယင်းသို့ ဖြတ်ပြေးရာ ဆွဲကြိုးမှာ ချက်ခြင်းမပြတ် ဖြစ်နေသဖြင့် အနီးနားကပ် လျက် ဆောင့်ဆွဲရာတွင် အမျိုးသမီးကြီး ၏ နားရွက်ရှိ နားကပ်ကိုပါ မြင်တွေ့သွားပြီး ဘရိတ်ဓားဖြင့် နားရွက်ကိုပါ လှီးဖြတ်သည့် ဖြစ်စဉ် ဖြစ်ပွားခဲ့သည်။
ယင်းဖြစ်ရပ်ကြောင့် အမျိုးသမီးကြီးမှာ လမ်းပေါ်တွင် လဲကျသွားခဲ့ပြီး ဆွဲကြိုးဖြတ်လုယက်သူမှာ ထွက်ပြေးလွတ်မြောက်သွားသည်ဟု ကမာရွတ် ဒေသခံများက ပြောကြားကြသည်။
ခိုး ဆိုး လုယက်မှု အခြေအနေများသည် စစ်တပ်က အာဏာလုပြီးနောက် ပိုင်း ဖြစ်ပေါ်တိုးတက်လာသည့် ရာဇဝတ်မှုများဆိုသည်ကို မည်သူမျှ ငြင်းဆိုလိမ့်မည်မဟုတ်ပါ။ စစ်ကိုင်းတိုင်း က အပြစ်မဲ့ပြည်သူတွေရဲ့ အသက် အိုးအိမ်တွေကို နေ့စဉ် မီးရှို့လုယက်သတ်ဖြတ်မှုတွေ ကျုးလွန်နေသည့် စကစအတွက်ကတော့ အခုလို မြို့ကြီးတွေပေါ်က လုယက်မှုတွေဆိုသည်မှာ စာဖွဲ့စရာကိစ္စဟု ယူဆလိမ့်မည်မဟုတ်ပါ။ အာဏာရူးစကစ ရှင်သန်ခွင့်ရနေသရွေ့ကတော့ နိုင်ငံသားတိုင်း၏ အသက်အိုးအိမ်ဘေးကင်းလုံခြုံရေးဆိုသည်မှာ ဗလာနတ္တိ ကင်းမဲ့နေမည်သာဖြစ်ပါသည်။
ပေါက်တော၀ မှတ်တိုင် ရှိ တက္ကစီယာဉ်မောင်း ထံမှ ဓားပြတိုက်လုယက်မှု
၂၀၂၂ ဇွန် ၂ ရက်နေ့က ဖြစ်ပွားသည့် ဖြစ်စဉ် ဖြစ်သည်။ အင်းစိန် ပေါက်တော၀ မှတ်တိုင်တွင် တက္ကစီ ယာဉ်မောင်းထံမှ ပိုက်ဆံအိတ် ကို ဆိုင်ကယ်ဖြင့်ကားဘေးကပ် ရပ်ကာ လုယူခြင်းဖြစ်သည်။
တက္ကစီ ယာဉ်းမောင်း ကပြန်လည်ခုခံ ခဲ့ရာတွင် လုယက်သူများမှ အသင့်ပါလာသည့် ခဲတံချွန်သောဓားဖြင့် တက္ကစီယာဉ်မောင်း ၏ လက်မောင်းရင်းနဲ့လက်ကောက်ဝတ်တို့အားလှီးဖြတ် လိုက်ကြသည်။



လှီးဖြတ်ခံလိုက်ရသဖြင့် လုယက်သူများထံမှလွတ်အောင် ပြေးထွက် မောင်းနှင်လာခဲ့ရာတွင် ဗဟိုလည်းသမိုင်းမြို့သစ်ထိပ်အရောက်တွင် ရရှိသော ဒဏ်ရာများကြောင့် မည်သို့မှျ မခံနိုင်တော့ပဲ ကားဆက်မောင်း၍ မရတော့သည့် အနေအထားဖြစ်ခဲ့သည်။
ယင်းနောက် ပတ်ဝန်းကျင်ကိုအကူညီတောင်းခံ၍ အရေးပေါ်ကားကို ဆက်သွယ် ကာ ဆေးရုံကို တင်ပို့လိုက်ရသည်ဟု သိရသည်။
အနီးရှိ မျက်မြင် တစ်ဦးကတော့ ” အဓိက သွေးကြော ကြီး ကို ထိသွားလို့လားမသိ ဘူး သွေးတွေးများ မြင်မကောင်းဘူး ပန်းထွက်နေတာ သွေးထွက်လွန်သွားလို့ သူလည်း သတိမေ့သွားတယ်။ သူသတိ မမေ့ခင် ဖြစ်စဉ်ကို ပြောပြထားလို့ သိလိုက်ရပါတယ် အားလုံး ဂရုစိုက်သွားလာကြဖို့ လိုနေပါပြီ “ ဟု ပြောကြားသည်။
အထက်ပါ ခိုး ဆိုး လုယက်မှု အခြေအနေများသည် စစ်တပ်က အာဏာလုပြီးနောက် ပိုင်း ဖြစ်ပေါ်တိုးတက်လာသည့် ရာဇဝတ်မှုများဆိုသည်ကို မည်သူမျှ ငြင်းဆိုလိမ့်မည်မဟုတ်ပါ။ စစ်ကိုင်းတိုင်း က အပြစ်မဲ့ပြည်သူတွေရဲ့ အသက် အိုးအိမ်တွေကို နေ့စဉ် မီးရှို့လုယက်သတ်ဖြတ်မှုတွေ ကျုးလွန်နေသည့် စကစအတွက်ကတော့ အခုလို မြို့ကြီးတွေပေါ်က လုယက်မှုတွေဆိုသည်မှာ စာဖွဲ့စရာကိစ္စဟု ယူဆလိမ့်မည်မဟုတ်ပါ။ အာဏာရူးစကစ ရှင်သန်ခွင့်ရနေသရွေ့ကတော့ နိုင်ငံသားတိုင်း၏ အသက်အိုးအိမ်ဘေးကင်းလုံခြုံရေးဆိုသည်မှာ ဗလာနတ္တိ ကင်းမဲ့နေမည်သာဖြစ်ပါသည်။
BNN/Life