• ရုပ်သံထုတ်လွှင့်မှုများ
  • လူမှုကွန်ရက်ပေါ်ကစာစုများ
  • သိပ္ပံနှင့်နည်းပညာ
  • အတွေးအမြင်
SUBSCRIBE
No Result
View All Result
BNN

| Burma News Network

သောကြာ, ဒီဇင်ဘာ 2, 2022
  • ပင်မစာမျက်နှာ
  • မြန်မာ့ရေးရာ
  • နွေဦးတော်လှန်ရေး
  • နိုင်ငံတကာ
  • စီးပွားရေး
  • ဆောင်းပါး
  • အယ်ဒီတာ့အာဘော်
  • ဆယ်လီကမ္ဘာ
  • လူမှုဘဝ
  • ကိုဗစ်-19
  • မြန်မာမြန်မာ
    • မြန်မာမြန်မာ
    • EnglishEnglish
Menu
BNN

| Burma News Network

No Result
View All Result
BNN
No Result
View All Result

ဘဘ စည်သူ ဗိုလ်ကလေးတင့်အောင် ကွယ်လွန်

12 လ ago
ဘဘ စည်သူ ဗိုလ်ကလေးတင့်အောင် ကွယ်လွန်
0
SHARES
37
VIEWS

မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး ၏နာယကကြီး တစ်ဦးဖြစ်သူ ဘဘ စည်သူ ဗိုလ်ကလေးတင့်အောင် သည် ၁၆.၁၂.၂၀၂၁ ရက်နေ့ ည ၁၁ နာရီအချိန်တွင် ဘဝတစ်ပါးသို့ကူးပြောင်းသွားပြီ ဖြစ်ကြောင်းသိရသည်။

နိုင်ငံ့တာဝန်ကို ထူးချွန်ပြောင်မြောက်စွာ ထမ်းဆောင်ခဲ့မှုများအတွက် နိုင်ငံတော်က ပေးအပ်သော စည်သူဘွဲ့ကို ချီးမြှင့်ခြင်း ခံခဲ့ရသူ ဖြစ်သည်။

ဗိုလ်ကလေးတင့်အောင် သည် ဗမာ့လွတ်လပ်ရေးတပ်မတော်တွင် ပါဝင်ခဲ့သူ တပ်မတော်သားတစ်ဦး ဖြစ်ခဲ့ပြီး မြန်မာ့ ရုပ်ရှင်တစ်သက်တာ ထူးချွန်ဆုရ ရုပ်ရှင်ဒါရိုက်တာ၊ ဂီတစာဆို၊ ဇာတ်ညွှန်းရေးဆရာတစ်ဦး ဖြစ်ပြီး အမျိုးသား စာပေဆုရ စာရေးဆရာတစ်ဦး လည်း ဖြစ်သည်။ နိုင်ငံ့တာဝန်ကို ထူးချွန်ပြောင်မြောက်စွာ ထမ်းဆောင်ခဲ့မှုများအတွက် နိုင်ငံတော်က စည်သူဘွဲ့ ချီးမြှင့်ခြင်း ခံခဲ့ရသူ ဖြစ်သည်။[၁][၂]

ငယ်ဘ၀

အဖဦးဘသင်၊ အမိဒေါ်ဖွားသိမ်းတို့မှ ဇွန် ၃၊ ၁၉၂၂ တွင် ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့၌ မွေးဖွားသည်။ သားသမီးခြောက်ယောက်အနက် ဒုတိယသားဖြစ်ပြီး၊ ဂီတလုလင်မောင်ကိုကိုမှာ စတုတ္ထသား ဖြစ်သည်။ ဘိုကလေးမြို့၊ ကျုံမငေးမြို့နှင့် ကျိုက်လတ်မြို့ အမျိုးသားအထက်တန်းကျောင်းတို့တွင် ပညာသင်ကြားခဲ့သည်။

လွတ်လပ်ရေးကြိုးပမ်းမှု

၁၉၄၀ ပြည့်နှစ်တွင် သီချင်းစ၍ ရေးသည်။ ၁၉၄၇ ခုနှစ်တွင် စတင်၍ အသံလွှင့်ခဲ့၏။ ၁၉၄၉ ခုနှစ်တွင် ရန်ကုန်သို့ ပြောင်းရွှေ့လာပြီး မောင်ကိုကို တူရိယာအဖွဲ့တွင် ဂီတာတီးသူအဖြစ် ပါဝင်ရ၏။ ပြဇာတ်ဝိဇ္ဇာ ဒဂုန်ဆရာတင်၏ တပည့်ဖြစ်ခဲ့ရာ ပြဇာတ် သီချင်းရေး၊ ဇာတ်ညွှန်းရေး၊ တွဲဘက်ဒါရိုက်တာအဖြစ် တဆင့်ပြီးတဆင့်တက်၍ ၁၉၅၀ ပြည့်နှစ်တွင် အပြုံးလက်ဆောင် ပြဇာတ်ဖြင့် ဒါရိုက်တာ ဖြစ်ခဲ့သည်။ ပြဇာတ်ကြီး (သုံးနာရီခန့် ပြရသည်) ပေါင်း ၄၀ ကျော်၊ ပြဇာတ်တို၊ တခန်းရပ် ပြဇာတ်၊ တေးသရုပ်ဖော် ပြဇာတ်ပေါင်း ၁၀၀ ခန့် စီစဉ် ညွှန်ကြားခဲ့သည်။ ၁၉၄၈ ခုနှစ်တွင် မြတ်မွန်ရတနာပြဇာတ်ကို စီစဉ်တင်ဆက်ခဲ့၍ မြတ်မွန်ရတနာ ပြဇာတ်စာအုပ်ကို စာပေဗိမာန်မှ ဖြန့်ချိထုတ်ဝေခဲ့သည်။

၁၉၆၁ ခုနှစ်တွင် ရုပ်ရှင်ဇာတ်ညွှန်းအဖြစ် ရေးထားသည်ကို ဝတ္ထုအသွင် ပြန်လည်ရေးသားထုတ်ဝေသော မမမိုး စာအုပ်ထွက်ရှိခဲ့သည်။ သတင်းစာ၊ ဂျာနယ်၊ မဂ္ဂဇင်းများတွင် စာပေဝါသနာအလျောက် ဆောင်းပါးများ ရေးခဲ့ပြီး ပန်းဝင်္ကပါ အမည်ဖြင့် ဆောင်းပါးရှည်ကို ၁၉၈၀ မှ ၁၉၈၂ ခုနှစ်အထိ ဂီတပဒေသာမဂ္ဂဇင်းတွင် ရေးသားခဲ့သည်။ ထို ပန်းဝင်္ကပါ စာအုပ်မှာ ၁၉၉၆ ခုနှစ်အတွက် အမျိုးသား စာပေဆု ရရှိခဲ့သည်။ လူမှုထူးချွန် (ပထမအဆင့်) တံဆိပ်၊ ဝိဇ္ဇာထူးချွန် (ပထမအဆင့်) တံဆိပ်တို့ အပ်နှင်းခြင်းခံရသည်။ ရုပ်ရှင်အစည်းအရုံး၏ နာယက၊ ဂီတအစည်းအရုံး၏ နာယက၊ ဘိုကလေးမြို့နယ်အသင်း၊ ကျိုက်လတ်မြို့နယ်အသင်းနှင့် ကျုံမငေးမြို့နယ်အသင်းတို့တွင်လည်း နာယကအဖြစ် လူမှုရေးကိစ္စများကို ဆောင်ရွက်နေပါသည်။

စည်သူ ဗိုလ်ကလေးတင့်အောင်

ဗိုလ်ကလေးတင့်အောင် ရေးသားခဲ့သည့် ကျော်ကြားခဲ့သော တေးသီချင်းအချို့ကို ယနေ့တိုင် အဆိုရှင်အမျိုးမျိုးတို့က သီဆိုနေကြဆဲ ဖြစ်သည်။ ၁၉၅၃ ခုနှစ်တွင် ကြည်ကြည်ဌေးသီဆို၍ ဓာတ်ပြားရခဲ့သော သက်ဆိုင်သူသို့ သီချင်းကို တိမ်ဦးလေပြေမောင့်ကိုစေ ရုပ်ရှင်ဇာတ်ကားတွင် ခင်ယုမေက ပြန်လည်သီဆိုခဲ့သည်။ ၁၉၅၁ ခုနှစ်တွင် ပြဇာတ်သီချင်းဖြစ်သော နှစ်သစ်ချစ်ဦး၊ ၁၉၅၈ ခုနှစ်တွင် မေမြတ်နွယ် ဇာတ်ကား၌ ထားသီဆိုခဲ့သော သံယောဇဉ်၊ မွန်တို့ဌာနေ၊ မှုန်ရွှေရည်ဇာတ်ကား၌ ဝင်းဦးသီဆိုခဲ့သော မျက်ဝန်းလဲ့ပြာပြာ၊ ၁၉၆၈ ခုနှစ်တွင် မင်းနောင်သီဆိုသည့် ဇရာ၊ ဂျင်မလေးဂျမ်း၊ ၁၉၇၀ ပြည့်နှစ်တွင် စန္ဒရားချစ်ဆွေ သီဆိုခဲ့သည့် မွှေးလွန်းသည့်ပန်း စသည့် သီချင်းများမှာ ယနေ့တိုင် ခေတ်စားဆဲ ဖြစ်သည်။

ဗိုလ်ကလေးတင့်အောင်သည် သီချင်းများ ရေးသားခဲ့ရုံမက ရုပ်ရှင်ဘက်တွင်လည်း ၁၉၆၂ ခုနှစ်က ဆောင်းတညဝယ် ဇာတ်ကားနှင့် ငယ်ကျွမ်းဆွေ ပြဇာတ်ကို ၁၉၅၀ ပြည့်နှစ်တွင်လည်းကောင်း၊ ယင်းရုပ်ရှင်ဇာတ်ကားကို ၁၉၇၅ ခုနှစ်တွင်လည်း ဒါရိုက်တာအဖြစ်လည်းကောင်း ရိုက်ကူးခဲ့သေးသည်။

ယခု အသက် (၉၆) နှစ်အရွယ်အထိ ဂီတ၊ ပြဇာတ်၊ စာပေတာဝန်များကို ထမ်းဆောင်ဆဲ ဖြစ်သည်။

ဘ၀နိဂုံး

မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး ၏နာယကကြီး တစ်ဦးဖြစ်သူ ဘဘ စည်သူ ဗိုလ်ကလေးတင့်အောင် သည် ၁၆.၁၂.၂၀၂၁ ရက်နေ့ ည ၁၁ နာရီအချိန်တွင် ဘဝတစ်ပါးသို့ကူးပြောင်းသွားပြီ ဖြစ်ကြောင်းသိရသည်။

ကိုးကား – ဝီကီပီးဒီးယား

Tags: Breaking News
BNN Editor

BNN Editor

ဆက်စပ်နေသော ရေးသားချက်များ

စစ်ရေး

အပြစ်မဲ့တိုင်းရင်းသားပြည်သူများအပေါ် အကြမ်းဖက် စစ်ကောင်စီ၏ ရည်ရွယ်ချက်ရှိရှိ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုများသည် စစ်ရာဇဝတ်မှု ကျူးလွန်ခြင်းဖြစ်ကြောင်း CDF-မင်းတပ် ထုတ်ပြန်

ဇူလိုင် 2, 2022
အပြစ်မဲ့တိုင်းရင်းသားပြည်သူများအပေါ် အကြမ်းဖက် စစ်ကောင်စီ၏ ရည်ရွယ်ချက်ရှိရှိ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုများသည် စစ်ရာဇဝတ်မှု ကျူးလွန်ခြင်းဖြစ်ကြောင်း CDF-မင်းတပ် ထုတ်ပြန်

ဇူလိုင်(၂) ချင်းပြည်နယ် မင်းတပ် မြို့နယ် ချပ်ရွာနှင့် ဆွန်တောင်ကျေးရွာကို အကြမ်းဖက်စစ်ကောင်စီက တိုက်လေယာဉ် ၂ စီးဖြင့် ယနေ့ နံနက်ပိုင်းက ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်းသိရသည်။ ထိုသို့ တိုက်ခိုက်မှုကြောင့် အပြစ်မဲ့ ဒေသခံ ပြည်သူ ၂ ဦး...

Read more
by BNN Editor
0 Comments
လူမှုဘဝ

ခိုးဆိုးလုနှိုက် တွေနဲ့ နေ့စဉ် ဘ၀များ

ဇွန် 3, 2022
ခိုးဆိုးလုနှိုက် တွေနဲ့ နေ့စဉ် ဘ၀များ

ယနေ့ အချိန်အခါသည် ပြည်သူလူထု များအနေဖြင့် စစ်တပ် အာဏာ သိမ်းပြီး ၂၀၂၁ ခုနှစ် ကတည်းက ယခု ၂၀၂၂ ခုနှစ် ရောက်သည့်တိုင် ကျီးလန့်စာစား ဘ၀များဖြင့် နေ့စဉ် ဖြတ်သန်းလျက်ရှိနေကြရသည်။ ထိုသို့ ခက်ခဲလှသော...

Read more
by BNN Editor
0 Comments
ကာတွန်း

ဖင်လန်ကို NATO ထဲ မ၀င်ဖို့ ပူတင်က သတိပေးခြိမ်းခြောက် (ကာတွန်း)

မေ 15, 2022
ဖင်လန်ကို NATO ထဲ မ၀င်ဖို့ ပူတင်က သတိပေးခြိမ်းခြောက် (ကာတွန်း)

၁၅/၅/၂၀၂၂

Read more
by BNN Editor
0 Comments
ကာတွန်း

ပူတင်ရဲ့ မေ ၉ ရက် အောင်ပွဲခံနေ့ နဲ့ နောက်ဆုံးပေါ် ရုရှားတင့်ကားများ

မေ 10, 2022
ပူတင်ရဲ့ မေ ၉ ရက် အောင်ပွဲခံနေ့ နဲ့ နောက်ဆုံးပေါ် ရုရှားတင့်ကားများ

ပူတင်ရဲ့ မေ ၉ ရက် အောင်ပွဲခံနေ့ နဲ့ နောက်ဆုံးပေါ် ရုရှားတင့်ကားများ

Read more
by BNN Editor
0 Comments
Load More
Next Post
လေးကေ့ကော် နယ်မြေကို တိုက်ခိုက်သည့် စစ်ကောင်စီ တပ်နှင့် BGF တို့ ယမန်နေ့တိုက်ပွဲအတွင်း (၁၈)ဦးသေ ၊ (၈)ဦး အရှင်ဖမ်းမိ

လေးကေ့ကော် နယ်မြေကို တိုက်ခိုက်သည့် စစ်ကောင်စီ တပ်နှင့် BGF တို့ ယမန်နေ့တိုက်ပွဲအတွင်း (၁၈)ဦးသေ ၊ (၈)ဦး အရှင်ဖမ်းမိ

လေးကေ့ကော်တွင် မတရားဖမ်းဆီး ခြင်းခံရသော လွှတ်တော်ကိုယ်စားလှယ် ၂ ဦးရဲ့ ကိစ္စကို စစ်ကောင်စီက တာဝန်ခံရမည်ဖြစ်ကြောင်း လွှတ်တော် ကိုယ်စား လှယ်များက သတိပေး

လေးကေ့ကော်တွင် မတရားဖမ်းဆီး ခြင်းခံရသော လွှတ်တော်ကိုယ်စားလှယ် ၂ ဦးရဲ့ ကိစ္စကို စစ်ကောင်စီက တာဝန်ခံရမည်ဖြစ်ကြောင်း လွှတ်တော် ကိုယ်စား လှယ်များက သတိပေး

BNN

| Burma News Network

BNN ကိုဘာကြောင့်ယုံကြည်နိုင်သလဲ။

အသုံးပြုရန်စည်းမျဥ်းကိုယ်ရေးအချက်အလက်လုံခြုံမှုမူဝါဒပူးတွဲဝန်ဆောင်မှုများ BNN ကိုဆက်သွယ်ရန်

Copyright © 2022 BNN | Burma News Network. All right reserved. ပြင်ပဝက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာများအတွက် BNN က တာဝန်မယူပါ။ ပြင်ပဝက်ဆိုက်များကို လင့် ထည့်ပေးခြင်းနှင့် ပတ်သက်သော BNN လုပ်ထုံးလုပ်နည်းကို ဖတ်ရန်

No Result
View All Result
  • ပင်မစာမျက်နှာ
  • မြန်မာ့ရေးရာ
  • နွေဦးတော်လှန်ရေး
  • နိုင်ငံတကာ
  • စီးပွားရေး
  • ဆောင်းပါး
  • အယ်ဒီတာ့အာဘော်
  • ဆယ်လီကမ္ဘာ
  • လူမှုဘဝ
  • ကိုဗစ်-19
  • မြန်မာမြန်မာ
    • မြန်မာမြန်မာ
    • EnglishEnglish

© 2021 BNN | Burma News Network. All right reserved.