• ရုပ်သံထုတ်လွှင့်မှုများ
  • လူမှုကွန်ရက်ပေါ်ကစာစုများ
  • သိပ္ပံနှင့်နည်းပညာ
  • အတွေးအမြင်
SUBSCRIBE
No Result
View All Result
BNN

| Burma News Network

ကြာသပတေး, ဒီဇင်ဘာ 1, 2022
  • ပင်မစာမျက်နှာ
  • မြန်မာ့ရေးရာ
  • နွေဦးတော်လှန်ရေး
  • နိုင်ငံတကာ
  • စီးပွားရေး
  • ဆောင်းပါး
  • အယ်ဒီတာ့အာဘော်
  • ဆယ်လီကမ္ဘာ
  • လူမှုဘဝ
  • ကိုဗစ်-19
  • မြန်မာမြန်မာ
    • မြန်မာမြန်မာ
    • EnglishEnglish
Menu
BNN

| Burma News Network

No Result
View All Result
BNN
No Result
View All Result

ဆဲဗင်း ဇူလိုင် ဖြစ်ရပ်နှင့် အာဏာရှင်တို့ သွားရာလမ်း

5 လ ago
ဆဲဗင်း ဇူလိုင် ဖြစ်ရပ်နှင့် အာဏာရှင်တို့ သွားရာလမ်း
0
SHARES
41
VIEWS

ဆဲဗင်း ဇူလိုင် ဇာတ်လမ်းအစ

၁၉၆၂ မတ်လ(၂)ရက်နေ့တွင် ဗိုလ်ချုပ်နေဝင်းခေါင်းဆောင်သော တော်လှန်ရေးကောင်စီအမည်ခံသည့် အာဏာသိမ်းမှု ကို လုပ်ဆောင်ခဲ့သည်။ယင်းကိုကန့်ကွက်ကြောင်း မတ်လ (၄) ရက်တွင် တကသ၊ ရကသ၊ဗကသ တို့က ကန့်ကွက်ကြောင်း ပူးတွဲကြေညာချက် ထုတ်ပြန်ခဲ့ကြသည်။

မြန်မာပြည်အာဏာကို သိမ်းယူထားသည့် ဗိုလ်ချုပ်ကြီးနေဝင်း ဦးဆောင်သည့် စစ်အစိုးရ ကို တက္ကသိုလ်ကျောင်းသားတွေက ဆန့်ကျင်သည့် ဆန္ဒပြပွဲများသည် ၎င်းတို့ အာဏာသိမ်းပြီးနောက် ချက်ခြင်းဆိုသလို ပေါ်ပေါက်လာခဲ့သည်။ အာဏာသိမ်း ဗိုလ်ချုပ်ကြီးနေဝင်း အစိုးရက တက္ကသိုလ် ကျောင်းသားထု အပေါ် ဖိနှိပ်ချုပ်ချယ်တင်းကျပ်သည့် ကျောင်းဆောင်စည်းကမ်း သစ်များကိုချမှတ်ပြဌာန်းခဲ့သည်။

တင်းကျပ်လွန်းသည့် ကျောင်းဆောင်စည်းကမ်းသစ်များချမှတ်

ထို စည်းကမ်းချက်များတွင် ပါဝင်သော အချက်များမှာ

ကျောင်းဝင်ခွင့် နှင့် အဆောင်နေခွင့်ရရေးတို့အတွက် လုံခြုံရေးနှင့် အုပ်ချုပ်ရေးကော်မတီ၏ ထောက်ခံချက်နှင့် လျှောက်ရမည်။ မိဘအုပ်ထိန်းသူ၏ ဝန်ခံကတိပေးချက်နှင့် ကျောင်းအပ်ရမည်။ သက်သက်လွတ်စားသူများ အား တစ်ရက် နှစ်ရက် မဟုတ်ဘဲ၊ တစ်နှစ်ပတ်လုံးစားမှသာ ခွင့်ပြုမည်။ အဆောင်နေကျောင်းသားများ အနေဖြင့် မနက်စာကို မနက် (၇) နာရီ မှ (၁၀) နာရီ သတ်မှတ်ထား၍ မနက်စာအား မဖြစ်မနေ စားရမည် ဟု စည်းကမ်းသတ်မှတ်ထားသည်။

ဆဲဗင်းဂျူလိုင် ကျောင်းသားအရေးတော်ပုံ – ဓာတ်ပုံ – ဝီကီပီးဒီးယား

ထို့ပြင် ည (၈) နာရီထိုးလျှင် အဆောင်အတွင်း၌ ရှိနေရန်၊ သုံးကြိမ်ပျက်ကွက်ပါက အဆောင်မှ ထုတ်ရန်၊ အဆောင်မှူး၊ (သို့) လက်ထောက် အဆောင်မှူး စစ်ဆေးချိန်တွင် မိမိအခန်းတွင်းရှိရန်၊ မရှိပါက အရေးယူရန် စသည့် ကျောင်းနှင့် မအပ်စပ်သော၊မတရားသော၊ အင်မတန် ဖိနှိပ်ချုပ်ချယ်သော စည်းကမ်းများကို ချမှတ်လာသည်။ ထို့ကြောင်းကျောင်းသားထုများကြား မကျေနပ်မှုများ တစ်စစ တိုးပွားလာခဲ့သည်။

အဆိုပါ တင်းကျပ်လွန်းသည့် အဆောင်စည်းကမ်းတွေကို ကျောင်းသားထုနဲ့ ကျောင်းသားသမဂ္ဂ အဖွဲ့များက ဆန့်ကျင်ကန့်ကွက် ဆန္ဒပြကြရာမှ ၁၉၆၂ ဇူလိုင်(၇)ရက်နေ့မှာ ဇူလိုင် ၇ ရက် အရေးအခင်း စတင်ဖြစ်ပေါ်လာခဲ့ခြင်းဖြစ်သည်။

ကမောက်ကမ ပညာရေးစနစ်ဖျက်သိမ်းပေးရေး နှင့် မတရား အဆောင်စည်းကမ်းများအား ရုပ်သိမ်းပေးရန် တောင်းဆို

၁၉၆၂ ခု ဇူလိုင်လ (၃) ရက်တွင် ရန်ကုန်ခရိုင် ကျောင်းသားသမဂ္ဂ (ရကသ) ကြီးမှူးပြီး သမဂ္ဂ ခန်မတွင်ရန်ကုန်မြို့မြို့မ အထက်တန်းကျောင်း ကျောင်းသားထုနှင့် တက္ကသိုလ်ကျောင်းသားထု အစည်းအဝေးတစ်ရပ် ကျင်းပကာ ကမောက်ကမ ပညာရေးစနစ်ဖျက်သိမ်းပေးရေး နှင့် မတရား အဆောင်စည်းကမ်းများအား ရုပ်သိမ်းပေးရန် တောင်းဆို ဆန္ဒပြခဲ့ကြသည်။ ထိုဆန္ဒပြပွဲတွင် ရကသဥက္ကဋ္ဌ ကိုဖိုးထင်က သဘာပတိအဖြစ် အဟန့်အတားများကြားမှ ဆန္ဒပြပွဲ ကျင်းပရခြင်း အကြောင်း မိန့်ခွန်းပြောကြားသွားပြီး၊ ဗကသများ အဖွဲ့ချုပ် ဥက္ကဋ္ဌ ကိုသက် နှင့် တကသခေါင်းဆောင် ကိုဗဆွေလေး တို့က ဆန္ဒပြပွဲကို ထောက်ခံကြောင်း မိန့်ခွန်းပြောကြားခဲ့သည်။

ဇူလိုင်လ (၅) ရက်နေ့တွင် သမဂ္ဂကြီး (၃) ခုမှ ကြီးမှူး၍ ဒတ်ခ်ျ သံရုံးရှေ့ဆန္ဒပြပွဲကျင်းပသော အခါ ပုဂ္ဂိုလ်ရေးအရ အရေးယူခဲ့သည်။ ထိုလုပ်ရပ်သည် သမဂ္ဂကို သေးသိမ်အောင် လုပ်သည် ဟု သမဂ္ဂမှယူဆခဲ့သည်။ ထို့ကြောင့် ကျောင်းသားများက ကန့်ကွက်ကြပြန်သည်။

ကျောင်းသား သမ္မဂ အဆောက် အဦးမှ ထွက်လာသည့် ကျောင်းသားများ ။ ဓာတ်ပုံ – ဝီကီပီးဒီးယား

ဇူလိုင်လ (၆) ရက်နေ့တွင် တော်လှန်ရေးကောင်စီက တက္ကသိုလ် ဆီးနိတ်နှင့် ကျောင်းဆောင်ကော်မတီကို ၎င်းတို့စိတ်တိုင်းကျ ပြင်ဆင် ဖွဲ့စည်းခဲ့ကြပြန်သည်။ ဇူလိုင်လ (၆) ရက်နေ့ ရွှေဘိုဆောင် အစည်းအဝေးတွင် ကန့်ကွက်သည်ဟု ဆုံးဖြတ်ရုံမကတော့ဘဲ ကြွေးကြော်သံများအော်ဟစ်၍ အဆောင် အပြင်ထွက် လှည့်လည် ငြိမ်းချမ်းစွာ အကြမ်းမဖက် ဆန္ဒ ပြပါတော့သည်။

ထိုအခါ အနီးအနားရှိ အဆောင်များမှ ကျောင်းသားများပါ ထွက်လာကြပြီး လာရောက်ပူးပေါင်းကြသဖြင့် ဆန္ဒပြလူအုပ်ကြီးသည် ကြီးမားလာလေသည်။ ညအချိန်တွင် မကျေနပ်မှုများနှင့် တက်ကြွနေကြသော ကျောင်းသားထုကြီးသည် အဆောင်များအား ကာရံထားသော အကာအရံ နှင့် သံတံခါးများအား စတိ အဖြစ် ရိုက်ချိုးလိုက်ကြသည်။

ထိုလူအုပ်ကြီးသည် ပြည်၊ ပုဂံ၊ တကောင်း အဆောင်များအထိ လှည့်လည်ဆန္ဒပြခဲ့ကြသည်။ ထိုညတွင် မိန်းကလေးဆောင် များမှလွဲ၍ ကျန်အဆောင်များအားလုံးပါဝင်ခဲ့ကြသည်။ ထို့နောက် မကျေမနပ်ဖြစ်နေသော ကျောင်းသားများ စုပေါင်း၍ တက္ကသိုလ် အုပ်ချုပ်ရေးမှူး ဦးယုခင် အိမ် နှင့် ပါမောက္ခ ဦးကာ အိမ်တို့ကို ဝိုင်းကာဆန္ဒပြ ဟစ်ကြွေးခဲ့ကြသည်။ ထိုဆန္ဒပြပွဲသည် နောက်တနေ့တွင် တကသမှ ကျင်းပမည့် ကျောင်းသားထု ဆန္ဒပြပွဲအတွက် လှုံ့ဆော်ပေးသကဲ့သို့ဖြစ်သွားပါတော့သည်။

ဇူလိုင် (၇) ရက်နေ့ ကျောင်းသားဆန္ဒပြပွဲ (ဆဲဗင်းဇူလိုင်)

ဇူလိုင် ၇ ရက် ကျောင်းသား ဆန္ဒပြပွဲ တွင် ကျောင်းသားများ ကိုစစ်တပ်က မောင်းပြန် ကာဘိုင်သေနတ်များ စက်သေနတ် များ ဖြင့် ပစ်ခတ်သတ်ဖြတ် နှိမ်နင်းခဲ့သည်။ ကျောင်းသားများ ရာနဲ့ချီ သေဆုံး ဒဏ်ရာရရှိမှုများဖြစ်ပေါ်ခဲ့သည့်အပြင် ကျောင်းသားသမဂ္ဂအဆောက်အဦ ကိုလည်း ဒိုင်းနမိုင်းနဲ့ ဗုံးခွဲ ဖျက်ဆီး လိုက်ကြသည်။

ကျောင်းသားသမ္မဂ အဆောက်အဦး – ဓာတ်ပုံ – ဝီကီပီးဒီးယား

ဇူလိုင်(၇)ရက်နေ့တွင် ကျောင်းသားများ ကို အကြမ်းဖက်နှိပ်ကွပ်ပြီး နောက်တရက် ဇူလိုင်(၈)ရက် နံနက်ပိုင်း တွင် ကျောင်းသားသမဂ္ဂကို ဗုံးခွဲ ဖျက်ဆီးလိုက်ခြင်းဖြစ်သည်။

အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်နေဝင်း ထပ်မံစိန်ခေါ်ပြောကြား

ထိုနေ့ည (၇) နာရီအချိန် မြန်မာ့အသံ ရေဒီယို မှ အသံလွှင့်သောအခါ ဗိုလ်နေဝင်းက “ ၎င်း တိုင်းပြည်ကို တာဝန်ယူသည့် အချိန်တွင် တက္ကသိုလ်ကျောင်းသားများ စည်းမဲ့ကမ်းမဲ့ ဘဝကို ပြုပြင်ရမည့် တာဝန်ပါကျရောက်နေသောကြောင့် တပ်မတော်၏ အင်အားတစိတ်တဒေသကို သုံး၍ဖြေရှင်းလိုက်သည်” ဟုပြောကြားခဲ့သည်။

အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်နေဝင်း

ထို့အပြင်“ယခုဖြစ်ပျက်သောကိစ္စသည် ကျောင်းသားကိစ္စတစ်ခုတည်းသာမက နိုင်ငံရေး အမှောင့် ပယောဂများ ဖမ်းစားသည်ကိုရိပ်စားမိကြောင်း၊ ၎င်းတို့၏အလုပ်အား ပျက်ကွက်ရန် တမင် လုပ်နေကြလျှင် ၎င်းအနေဖြင့် နောက်ထပ် မည်သည်ကိုမျှထပ်မပြောလိုကြောင်း၊ ဓားကို ဓားခြင်း လှံကိုလှံခြင်း ဆိုင် ရန်သာရှိတော့ကြောင်း”ထပ်မံ စိန်ခေါ်ခဲ့လေသည်။

ဤသို့ ပြောချင်းမှာလည်း အဓိပါယ် မရှိသော စကားများ ဖြစ်သည်။ ကျောင်းသားတို့ လက်ထဲတွင် မယ်မယ်ရရ လက်နက်ဟူ၍ အလံထောင်သော ဝါးလုံးတိုင် မျှသာ ရှိသည်။ ထို ဖြစ်ရပ်နှင့် ပတ်သက်၍ အစိုးရမှ သတင်းထုတ်ပြန်ရာတွင်လည်း ကျောင်းသား (၁၇) ဦးသာသေဆုံးကြောင်း ကြေညာခဲ့သည်။ အမှန်မှာ မန္တလေးဆောင် တစ်ခုထဲတွင်ပင် စာရင်းအရ (၁၇) ဦးသေဆုံးခဲ့သည်။ မြောင်းမြ မှ ကျောင်းသား ကိုကျော်ဝင်းမှ ၎င်း၏ ခန္ဒာကိုယ်မှ သွေးနှင့် မန္တလေးဆောင် နံရံတွင် “၇-၇-၆၂ မမေ့ကြနဲ့”ဟုရေးသွားခဲ့သည်။

ယနေ့အချိန်ခါသည်လည်း မြန်မာပြည်သည် အမှောင်ထုထဲသို့ ကျရောက်လျက်ရှိနေသည်။ ၂၀၂၁ ဖေဖေါ်ဝါရီလက အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်သည့် စစ်အုပ်စုသည် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် အစိုးရအဖွဲ့ကို ဥပဒေမဲ့ ဖြုတ်ချပြီး အာဏာသိမ်းခဲ့သည်မှာ ယခု ဆိုလျှင် (၂) နှစ် ရှိခဲ့ပြီဖြစ်သည်။ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကိုလည်း နေအိမ်အကျယ်ချုပ်မထားရှိသေးဘဲ နေပြည်တောင် အကျဉ်းထောင်သို့ ပို့ကာ ဖမ်းဆီးချုပ်နှောင်ထားသည်။

Chancellor လမ်းမတစ်လျှောက်ရှိ ရိုင်ဖယ်များကို ကိုင်ဆောင်ထားသောရဲများ – ဓာတ်ပုံ – ဝီကီပီးဒီယား

တိုင်းပြည်တွင် တော်လှန်ရေး အင်အားစုများသည် တစ်နေ့ထက် တစ်နေ့ များပြားလာနေပြီး အကြမ်းဖက် စစ်အုပ်စုကို လက်နက်ကိုင် တော်လှန်ရန်အတွက် လူငယ်လူရွယ်များအားလုံး သည် ပြည်သူ့ကာကွယ်ရေးတပ်မတော် ထံသို့ ဝင်ရောက်လာကြသည်။ တစ်ဘက်တွင်လည်း အမျိုးသားညီညွတ်ရေးအစိုးရ NUG ကလည်း အကြမ်းဖက် စစ်အုပ်စု ပြုတ်ကျရေး အတွက် နိုင်ငံတကာ အဖွဲ့အစည်းများနှင့် သံတမန်လမ်းကြောင်း အတိုင်း စီမံဆောင်ရွက်လျက်ရှိနေသည်။

မန္တလေးဆောင်ရှေ့မှ ကျောင်းသားများ – ဓာတ်ပုံ – ဝီကီပီးဒီယား

ယနေ့ ဆဲဗင်းဇူလိုင် ဖြစ်ရပ်သည် နှစ်ပေါင်း (၆၀) တိုင်ရှိခဲ့ပြီ ဖြစ်သော်လည်း ဆရာကြီးသခင်ကိုယ်တော်မှိုင်း ပြောကြားခဲ့သည့် မိန့်ခွန်း ထဲက “သမဂ္ဂအဆောက်အဦးကိုသာ ဖြိုလို့ရမယ်၊အမောင်တို့ရင်ထဲက သမဂ္ဂ စိတ်ဓာတ်ကို တော့ ဘယ်သူမှဖြိုလို့မရပါဘူး” ဟူသည့် သမိုင်းဝင် မိန့်ခွန်းထဲက လို ပြည်သူများကလည်း အကြမ်းဖက် စစ်အာဏာရှင် အဆက်ဆက်ရဲ့ ခါးသီးမှု ယုတ်မာမှုများကို မည်သည့်အခါမှ မေ့လို့ရမည် မဟုတ်ပေ။

ကျောင်းသားသမဂ္ဂ အဆောက်အဦး ဖောက်ခွဲခံရပြီးပုံ။ ဓာတ်ပုံ – ဝီကီပီးဒီယား

အမျိုးသားညီညွတ်ရေးအစိုးရ၏ ယနေ့ ဆဲဗင်းဇူလိုင် အတွက် ထုတ်ပြန်ကြေညာချက်တွင် မြန်မာ့သမိုင်းကို အရုပ်ဆိုးအကျည်းတန်စေသည့်၊ လက်နက်မဲ့ကျောင်းသားလူငယ်များကို လက်နက်ဖြင့် အနိုင်ကျင့် သတ်ဖြတ်မှုကို အားပေးသည့် စစ်အာဏာသိမ်းမှုများကို အပြီးသတ်အမြစ်ဖြတ်၍ နောင်အနာဂတ်တွင် မည်သည့်အခါမှ ထပ်မံပေါ်ပေါက် လာမှုမရှိစေရေး နှင့် ရာဇဝတ်မှုကျူးလွန်ခဲ့ကြသော စစ်အာဏာရှင်များ အပြစ်ပေးအရေးယူခံရမှုကို သေချာစေရေး ကို ရည်မှန်းချက်ထားကာ ကျောင်းသားထု၏ သမဂ္ဂစိတ်ဓါတ်၊ ပြည်သူလူထုတစ်ရပ်လုံး၏ စိတ်ပိုင်းဖြတ်ချက်၊ တိုင်းသားလူမျိုးပေါင်းစုံမှ ခေါင်းဆောင်များအားလုံး၏ အတွေ့အကြုံတို့ ပေါင်းစပ်ကာ အစွမ်းကုန်ကြိုး ပမ်းဆောင်ရွက်သွားမည်ဟု မမေ့အပ်သော ဆဲဗင်းဂျူလိုင် အရေးတော်ပုံကို ဦးညွတ်ရင်း သန္နိဌာန်ပြုအပ်ပါသည်။ “ ဟု ဖော်ပြပါရှိသည်။

အဓိပတိလမ်းပေါ်တွင် ခဲများ၊ ပုလင်းများနှင့် ရဲများကို ပြန်လည် ပစ်ခတ်နေကြသော ကျောင်းသားများ။ ဓာတ်ပုံ – ဝီကီပီးဒီယား
ဒိုင်းနှင့် နံပါတ်တုတ် ကိုယ်စီကိုင်ထားသော ရဲများ ။ ဓာတ်ပုံ – ဝီကီပီးဒီယား

ယနေ့ ဆဲဗင်းဇူလိုင် နှစ်ခြောက်ဆယ်ပြည့်အထိမ်းအမှတ် လှုပ်ရှားမှုများအနေဖြင့် ရန်ကုန်မြို့ အပါဝင် အနယ်နယ်အရပ်ရပ်မှ ပြည်သူများ ကျောင်းသားသမ္မဂ အဖွဲ့များက ဆန္ဒထုတ်ဖော်မှုများပြုလုပ်ခဲ့ကြသည်။ အကြမ်းဖက် စစ်အာဏာရှင် စနစ် အပြီးတိုင် ချုပ်ငြိမ်းသွားမှ သာလျှင် တိုင်းပြည်ကို အာဏာရှင် နွံထဲက ဆွဲထုတ်နိုင်မည်ဖြစ်သဖြင့် ယနေ့ ကျရောက်သည့် ဆဲဗင်းဇူလိုင် နှစ်ခြောက်ဆယ်ပြည့်အထိမ်းအမှတ် အဖြစ် သွေးစွန်းခဲ့ရသော ကျောင်းသားပြည်သူ သူရဲကောင်းများအတွက် ဂုဏ်ပြုရေးသားလိုက်ရပါသည်။

(မြန်မာပြည်တွင် အေးနေဝင်းအဖိုး နေဝင်းသည် ၁၉၆၂ မှ ၈၈ လူထုအရေးတော်ပုံကြီးကို အကြမ်းဖက်ဖြိုခွဲခဲတဲ့ စစ်အာဏာရှင် လူသတ်သမားဖြစ်ခဲ့သည်မှာ ငြင်းဖွယ်ရာမရှိ ၎င်း၏ နောက်ဆုံးအချိန်တွင် နေအိမ် အကျယ်ချုပ် ဖြင့် မထင်မရှားသေသွားရ ခြင်းသည် အာဏာရှင်၏ အဆုံးသတ် မလှသည့် နိဂုံး တစ်ခု ဖြစ်ပေသည်။)

ကိုးကား – ဝီကီပီးဒီးယား

Tags: 7 JulyBreaking NewsNUGPDFSpring Revolution
BNN Editor

BNN Editor

ဆက်စပ်နေသော ရေးသားချက်များ

ရုရှား – ယူကရိန်း ကျူးကျော်စစ်

ရုရှားကာကွယ်ရေးဝန်ကြီးဌာနအနေနဲ့ ခါးသီးတဲ့ အခြေအနေမှန်ကို လက်ခံချိန်တန်ပြီ

အောက်တိုဘာ 2, 2022
“ It is time for the Russian Ministry of Defense to accept the bitter reality”

(ဗစ်တာ အီမန်နိုဗစ်ချ်) ရုရှား ကာကွယ်ရေးဝန်ကြီးဌာဟာ ဒရုန်းမျိုးစုံ အရေးတကြီး လိုအပ်နေပေမဲ့ ရုရှားမှာ ထုတ်လုပ်တဲ့ ဒရုန်း (UAV - Unmanned aerial vehicle) အများစုဟာ လိုအပ်ချက်တွေနဲ့ မကိုက်ညီကြောင်း ကာကွယ်ရေးဝန်ကြီးဌာန ပြောခွင့်ရ...

Read more
by BNN Editor
0 Comments
Interview

“မိုးဗြဲ တမြို့တည်းမှာတင် IDP တသောင်းကျော် ထပ်တိုးလာပါတယ်”

စက်တင်ဘာ 28, 2022
More than 10,000 IDPs have increased in the city of Moebae alone

(ဗညားခွန်အောင်- ညွှန်ကြားရေးမှူး- KHRG) “စစ်ကောင်စီတပ်တွေက လူနေရပ်ကွက်တွေကိုပါ ပစ်ခတ်နေတဲ့အတွက် မိုးဗြဲမြို့ကနေ ထပ်မံထွက်ပြေးလာရတဲ့အရပ်သားဦးရေ တသောင်းကျော်အထိရှိနေပြီ” ဖြစ်တယ်လို့ ကရင်နီလူ့အခွင့်အရေးအဖွဲ့ KHRG ညွှန်ကြားရေးမှူး ဗညားခွန်အောင်ကပြောပါတယ်။နွေဦးတော်လှန်ရေးမှာ ရှေ့တန်းကပါဝင်နေတဲ့ ကရင်နီဒေသက တိုက်ပွဲအခြေအနေ၊ UNOCHA က ထုတ်ပြန်ထားတဲ့...

Read more
by BNN Editor
0 Comments
ဆောင်းပါး

ဖြည်းဖြည်းနှေးနှေး အေးအေးဆေးဆေးပဲလား

ဩဂုတ် 24, 2022
ဖြည်းဖြည်းနှေးနှေး အေးအေးဆေးဆေးပဲလား

ဩဂုတ် ၂၀ ရက်နေ့ ရန်ကုန်က လူငယ်တွေရဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲမှာ ထူးထူးခြားခြား NUG နဲ့ NUCC ကို ဝေဖန်မေးခွန်းထုတ်သွားတာ တွေ့ရပါတယ်။ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေမှာ “Support NUG” “NUG ကို...

Read more
by BNN Editor
0 Comments
ဆောင်းပါး

အမည်မသိ နေ့စား အရိုင်းအစိုင်းများနှင့် အယုတ်တမာ လူအုပ်စု

ဇူလိုင် 28, 2022
အမည်မသိ နေ့စား အရိုင်းအစိုင်းများနှင့် အယုတ်တမာ လူအုပ်စု

(ဆောင်းပါး)၂၇/၇ ‘မအလ’ အကြမ်းဖက် ‘စကစ’က သေဒဏ်ပေးသတ်ဖြတ်လို့ သေဆုံးသွားရတဲ့ ကိုဖြိုးဇေယျာသော် ရဲ့မိဘတွေနေထိုင်တဲ့ ရန်ကုန် ကျောက်တံတားမြို့နယ်ကနေအိမ်နဲ့ ကိုဂျင်မီရဲ့မိသားစုတွေ နေထိုင်နေတဲ့ အင်းစိန်မြို့နယ်ကနေအိမ်တို့ကို အမည်မသိ လူတစ်စုက လောက်လေးဂွတွေ၊ ခဲတွေနဲ့ ဝိုင်းဝန်းပစ်ခတ်နေတဲ့ ဗီဒီယိုကလစ်တွေ လူမှုကွန်ရက်မှာ...

Read more
by BNN Editor
0 Comments
Load More
Next Post
ဆဲဗင်းဇူလိုင် အထိမ်းမှတ် ဆန္ဒပြလူငယ်များကို အကြမ်းဖက် စစ်တပ်က အိမ်စီးကားဖြင့်တိုက်ဖမ်း

ဆဲဗင်းဇူလိုင် အထိမ်းမှတ် ဆန္ဒပြလူငယ်များကို အကြမ်းဖက် စစ်တပ်က အိမ်စီးကားဖြင့်တိုက်ဖမ်း

စာသင်ကျောင်းတွေ ဖွင့်ပေးနေပါတယ်၊ တိုက်ပွဲတွေလည်းဖြစ်နေဆဲပါ

စာသင်ကျောင်းတွေ ဖွင့်ပေးနေပါတယ်၊ တိုက်ပွဲတွေလည်းဖြစ်နေဆဲပါ

BNN

| Burma News Network

BNN ကိုဘာကြောင့်ယုံကြည်နိုင်သလဲ။

အသုံးပြုရန်စည်းမျဥ်းကိုယ်ရေးအချက်အလက်လုံခြုံမှုမူဝါဒပူးတွဲဝန်ဆောင်မှုများ BNN ကိုဆက်သွယ်ရန်

Copyright © 2022 BNN | Burma News Network. All right reserved. ပြင်ပဝက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာများအတွက် BNN က တာဝန်မယူပါ။ ပြင်ပဝက်ဆိုက်များကို လင့် ထည့်ပေးခြင်းနှင့် ပတ်သက်သော BNN လုပ်ထုံးလုပ်နည်းကို ဖတ်ရန်

No Result
View All Result
  • ပင်မစာမျက်နှာ
  • မြန်မာ့ရေးရာ
  • နွေဦးတော်လှန်ရေး
  • နိုင်ငံတကာ
  • စီးပွားရေး
  • ဆောင်းပါး
  • အယ်ဒီတာ့အာဘော်
  • ဆယ်လီကမ္ဘာ
  • လူမှုဘဝ
  • ကိုဗစ်-19
  • မြန်မာမြန်မာ
    • မြန်မာမြန်မာ
    • EnglishEnglish

© 2021 BNN | Burma News Network. All right reserved.