(ဦးကျော်ဇော – NUG သမ္မတရုံး ပြောခွင့်ရပုဂ္ဂိုလ်)
“ခုခံတော်လှန်စစ် ဒုတိယနှစ်ထဲ ဝင်လာတဲ့ ၂၀၂၃ မှာ သိသာထင်ရှားတဲ့ နိုင်ငံရေး အလှည့်အပြောင်းတွေ၊ အောင်မြင်မှုတွေ ရလာဖို့ NUG က မျှော်မှန်းထားတယ်” လို့ သမ္မတရုံး ပြောခွင့်ရပုဂ္ဂိုလ် ဦးကျော်ဇောက ပြောပါတယ်။
နယူးယောက်မှာ ကျင်းပနေတဲ့ ကုလသမဂ္ဂ အအထွေထွေညီလာခံက NUG ကို အသိအမှတ်ပြုမယ့် အလားအလာ၊ နွေဦးတော်လှန်ရေး တနှစ်ခွဲကြာ တိုးတက်မှုအခြေအနေတွေနဲ့ ပတ်သက်ပြီး BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက ဒီလိုဖြေကြားသွားတာပါ။
အခု ထုတ်လွှင့်ပေးမယ့် မေးမြန်းချက် ဒုတိယပိုင်းမှာ …
- နိုင်ငံတကာအသိုက်အဝန်းက စစ်ရေးအကူအညီပေးနိုင်မယ့် အလားအလာ ဘယ်လိုရှိသလဲ …
- ယူကရိန်း တော်လှန်ရေးသမားတွေနဲ့ မြန်မာ့နွေဦးတော်လှန်ရေးသမားတွေကြား ဆက်ဆံရေး မထူထောင်နိုင်သေးတာ ဘာကြောင့်လဲ …
- စစ်တပ်က ရာနှုန်းပြည့် ထိန်းချုပ်နိင်တဲ့ နယ်မြေ ၂၀% လောက်ပဲ ကျန်တယ်ဆိုတာ ဘယ်လို အချက်အလက်ပေါ် အခြေခံ ပြောတာလဲ …
- ခုခံတော်လှန်စစ် တနှစ်တာအတွင်း အောင်မြင်မှုကို NUG က အားရကျေနပ်သလား …
စတဲ့အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။
(အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe လုပ်ပါရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)