(ဦးသန်းစိုးနိုင်- နိုင်ငံရေးလေ့လာသုံးသပ်သူ)
(၁၂/၁/၂၀၂၂)
ပြည်သူ့ကာကွယ်ရေးတပ် PDF တွေကို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ EAO ဝါရင့် တပ်မှူးတွေကဦးဆောင်ပြီး စစ်ကြောင်းတွေထွက်ဖို့ပြင်နေတယ်။ အမျိုးသားညီညွတ်ရေးအစိုးရ NUG က စီမံခန့်ခွဲမှုနဲ့ ထောက်ပို့ရေးကိုတာဝန်ယူပေးလိမ့်လို့ သူနားလည်ထားကြောင်း နိုင်ငံရေး-စစ်ရေး ဝေဖန်ဆန်းစစ်သူ ဦးသန်းစိုးနိုင်ကပြောပါတယ်။
စစ်တပ်က အာဏာသိမ်းပြီး တနှစ်နီးပါးကြာလာတဲ့အချိန်၊ ၂၀၂၂ ခုနှစ်ရဲ့ နွေဦးတော်လှန်ရေး အလားအလာတွေနဲ့ပတ်သက်ပြီး BNN သတင်းဌာနမှ ဦးထက်အောင်ကျော်က မေးမြန်းစဉ် သူက အဲဒီလို ဖြေကြားခဲ့ တာပါ။
အခုထုတ်လွှင့်ပေးမယ့် မေးမြန်းချက် ပထမ ပိုင်းမှာတော့… – တနှစ်အတွင်း ဘာတွေ တိုးတက်လာသလဲ… – CDM လှုပ်ရှားမှုတွေ၊ လူထုဆန္ဒပြပွဲတွေ အားနည်းသွားသလား… – PDF တွေရဲ့ လက်နက်ကိုင် တိုက်ပွဲ အရှိန်ပိုကောင်းလာသလား… – PDF နဲ့ EAO တပ်တွေကြား ပူးပေါင်းဆောင်ရွက်မှုက အားရစရာရှိရဲ့လား… စတဲ့အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။
(စစ် ရဟတ်ယာဉ်တွေကို ဘယ်လိုတားဆီးမလဲ၊ ခုခံစစ်ကနေ ထိုးစစ်ကို ဘယ်လိုကူးပြောင်းနိုင်မလဲ… စတဲ့ဆွေးနွေးချက်တွေပါဝင်တဲ့ ဒုတိယ ပိုင်းကိုတော့ မနက်ဖန်ညမှာ ဆက်လက် ထုတ်လွှင့်ပေးမှာဖြစ်ပါတယ်)။
BNN/EXCLUSIVE