(ဦးစိန်ဌေး – စီးပွားရေး ဆန်းစစ်ဝေဖန်သူ)
“စကစ ဥက္ကဌရဲ့ သား-သမီးတွေအပါဝင် ဗိုလ်ချုပ်ချမ်းသာ မိသားစုတွေဟာ ရိုးသား-ကြိုးစားလို့ ချမ်းသာလာသူတွေမဟုတ်ပဲ ဘိန်းရာဇာနဲ့ ခရိုနီတွေကို ခေါင်းပုံဖြတ်ပြီး ချမ်းသာလာသူတွေသာဖြစ်တယ်” လို့ စီးပွားရေး ဆန်းစစ်ဝေဖန်သူ ဦးစိန်ဌေးက ပြောပါတယ်။ ထိုင်းနိုင်ငံမှာ အဖမ်းခံထားရတဲ့ မူးယစ်နဲ့လက်နက်မှောင်ခိုသမား ဦးထွန်းမင်းလတ်ရဲ့ အမှုတွဲမှာပါဝင်နေသူ စကစ ဥက္ကဌရဲ့ သား-သမီးတွေ ဘာကြောင့် ဒီလောက်ချမ်းသာနေတာလဲ၊ နိုင်ငံတကာရဲ့ စိးပွားရေးဒဏ်ခတ်မှုက စကစ ဥက္ကဌနဲ့ အဖွဲ့ကို မထိဘူးလား ဆိုပြီး BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက ဒီလို ဖြေကြားတာပါ။



အခု ထုတ်လွှင့်မယ့် မေးမြန်းချက် ပထမ ပိုင်းမှာ …
- အောက်ခြေတပ်သားတွေဆင်းရဲပြီး စကစ ဥက္ကဌရဲ့ သား-သမီးတွေ ချမ်းသာနေတာ ဘာကြောင့်လဲ…
- စစ်တပ်က အာဏာသိမ်းခြင်းရဲ့ အဓိကအကြောင်းရင်းဟာ စစ်ဗိုလ်တွေရဲ့ စီးပွားရေးလုပ်ငန်းကို ကာကွယ်ဖို့လား…
- နိုင်ငံတကာက စီးပွားရေးဒဏ်ခတ်ပိတ်ဆို့ထားတဲ့ကြားကနေ ဗိုလ်ချုပ်မိသားစုတွေ ပိုပြီး ချမ်းသာလာတာ ဘာကြောင့်လဲ…
- လက်နက်ပွဲစား ဖမ်းမိတဲ့အမှုကနေ မြန်မာစစ်ဗိုလ်တွေရဲ့ မူးယစ်မှောင်ခိုအမှုတွေ ပေါ်လာတော့မလား…
စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။
(မူူးယစ်ရာဇာနဲ့ စကစ ဥက္ကဌ ဆက်စပ်မှုက နွေဦးတောလှန်ရေးကို ဘယ်လို ဂရက်ရိုက်နိုင်သလဲ…ဆွေးနွေးချက်ပါဝင်တဲ့ ဒုတိယ ပိုင်းကိုတော့ မနက်ဖန်မှာ ထုတ်လွှင့်ပေးပါမယ်)
(အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe လုပ်ပါရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)