(ပဒိုစောတောနီး- KNU ပြောခွင့်ရပုဂ္ဂိုလ်)
(၃၀-၃-၂၀၂၂)
အခုရက်ပိုင်းအတွင်း KNU နယ်မြေသို့ စစ်ကောင်စီဖက်က ထိုးစစ်ကြီးတွေဆင်လာမှုဟာ KNU နဲ့ PDF ကြား ပူးပေါင်းဆောင်ရွက်နေမှုကို ဖြိုခွဲချင်တာကြောင့်ဖြစ်နိုင်တယ်လို့ KNU ပြောခွင့်ရပုဂ္ဂိုလ် ပဒိုစောတောနီးက ပြောပါတယ်။
စစ်ကောင်စီဖက်ကနေ မီဒီယာပေါ်မှာ ငြိမ်းချမ်းရေးကမ်လှမ်းပြီး တကယ့်မြေပြင်မှာ စစ်ကြောင်းတွေ ထိုးလာနေတယ်ဆိုတဲ့ သတင်းတွေနဲ့ပတ်သက်ပြီး BNN သတင်းဌာနမှ ဦးထက်အောင်ကျော်က မေးမြန်းစဉ် သူက အဲဒီလိုဖြေကြားခဲ့တာပါ။
အခု ထုတ်လွှင့်ပေးမယ့် မေးမြန်းချက် ပထမ ပိုင်းမှာတော့…
- ချင်းမိုင်မှာကျင်းပနေတဲ့ NCA အဖွဲ့များ ညီလာခံသို့ KNU ဥက္ကဌ တက်ရောက်တာ ဘာကြောင့်လဲ…
- NCA လမ်းကြောင်းကို KNU က လုံး၀ ပယ်ချလိုက်ပြီလား…
- တိုင်းရင်းသားလက်နက်ကိုင် EAO အဖွဲ့ ၃ မျိုးရှိတယ်ဆိုတာ ဘာကို ဆိုလိုတာလဲ…
- KNLA တပ်မဟာ ၇ ခုစလုံး PDF တွေနဲ့ ပူးပေါင်းတိုက်ပွဲဝင်နေပြီလား…
- အခုရက်ပိုင်းအတွင်း စစ်ကောင်စီက ထိုးစစ်အရှိန်မြှင့်လာတာ ဘာကြောင့်လဲ… စတဲ့အကြောင်းအရာတွေကို ဆွေးနွေးထားပါတယ်။
(နွေဦးတော်လှန်ရေးကို အားပေးတယ်ဆိုရင် လက်နက် ကူညီပါ။ လေနဲ့အားပေးနေလို့မရဘူး- ဆိုတဲ့ အချက်ပါဝင်တဲ့ ဒုတိယ ပိုင်းကိုတော့ မနက်ဖန်ညမှာ ဆက်လက် ထုတ်လွှင့်ပေးမှာဖြစ်ပါတယ်)။
(အင်တာဗျုးများကြည့်ပြီးပါက ဒီ youtube ချာနယ်ကို Subscribe လုပ်ပါရန် တိုက်တွန်းပါသည်)။