(ဗိုလ်နဂါး- LDPF ခေါင်းဆောင်၊ စစ်ကိုင်းတိုင်း)
(၂၂-၈-၂၀၂၂)
စစ်အာဏာရှင်ဖြုတ်ချရေးအတွက် လက်နက်ကိုင်တိုက်ပွဲကို အရှိန်မြှင့်နိုင်ဖို့ စစ်ကိုင်းတိုင်းအပြင် ဆက်စပ်ပြည်နယ်-တိုင်းတွေရှိ တော်လှန်ရေးအဖွဲ့တွေနဲ့ ပူးပေါင်းဆောင်ရွက်မှု ခြေလှမ်းသစ်တွေ စတင်လှမ်းနေပြီဖြစ်တယ်လို့ စစ်ကိုင်းတိုင်းက LDPF ခေါင်းဆောင်တဦးဖြစ်သူ ဗိုလ်နဂါးကပြောပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းက စစ်ကိုင်းတိုင်းအတွင်းဖြစ်ပွားခဲ့တဲ့ ပြင်းထန်တဲ့တိုက်ပွဲအခြေအနေ၊ နွေဦးတော်လှန်ရေး တနှစ်ခွဲကာလအတွင်း တိုးတက်မှုအခြေအနေတွေနဲ့ပတ်သက်ပြီး BNN သတင်းဌာနမှ ဦးထက်အောင်ကျော်က မေးမြန်းစဉ် သူက အဲဒီလို ဖြေကြားခဲ့တာပါ။ အခု ထုတ်လွှင့်ပေးမယ့် မေးမြန်းချက် ပထမ ပိုင်းမှာ…
- ပြီးခဲ့တဲ့ရက်ပိုင်း တိုက်ပွဲအတွင်း နှစ်ဖက် ထိခိုက်မှု ဘယ်လိုရှိသလဲ…
- စစ်ကိုင်းနဲ့ ဆက်စပ်-ဒေသရှိ တော်လှန်ရေးတပ်တွေ ပူးပေါင်းဆောင်ရွက်နိုင်ပြီလား…
- စကစရဲ့ ရွာမီးရှို့-လူသတ် စိံမံကိန်းကို တော်လှန်ရေးတပ်တွေက ဘာကြောင့်မတားဆီးနိုင်တာလဲ…
- တနှစ်ခွဲကာလအတွင်း နယ်မြေထိန်းချုပ်နိုင်မှု အနေအထား ဘယ်လောက်အထိ တိုးတက်လာသလဲ…
စတဲ့အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။
(UN အထူးကိုယ်စားလှယ်ရဲ့ခရီးစဉ်အပေါ် LPDF တွေ ဘယ်လိုမြင်သလဲဆိုတဲ့ ဆွေးနွေးချက်ပါတဲ့ ဒုတိယ ပိုင်းကိုတော့ ဗုဒ္ဓဟူးညနေပိုင်းမှာ ဆက်လက်ထုတ်လွှင့်ပေးမှာဖြစ်ပါတယ်)
(အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချန်နယ်ကို Subscribe လုပ်ပါရန် တိုက်တွန်းပါသည်။)