၂၄ အောက်တိုဘာ ၂၀၂၁
၀န်ကြီးချုပ်လို့ကလည်း အခေါ်ခံချင်။ ၀န်ကြီးချုပ်လို့ ခေါ်ပေးမည့် နိုင်ငံတကာအစိုးရကလည်းမရှိ။ အစိုးရလို့ကလည်း အသိအမှတ်ပြုခံချင်။ အိမ်စောင့်အစိုးရလို့ ကင်ပွန်းတပ်ပေးမည့် နိုင်ငံကလည်း မရှိ။
နိုင်ငံတကာစင်မြင့်ထက် တက်ပြချင်လို့ အာဏာလုထားပေမယ့် အာဆီယံစင်မြင့်မပြောနဲ့ အာဆီယံခွေးကတက် နေရာတောင် တက်ခွင့်မရ။ မဲလိမ် မဲခိုး အမြုပ်ထွက်အောင်ပြောနေပေမယ့် လက်ခံမည့်သူမရှိပဲ အာဏာသူခိုးလို့ အမည်အတပ်ခံနေရသူ။
ဥပဒေအကြောင်း အမြုပ်ထွက်အောင်ပြောနေပေမယ့် ” အာဏာထိမ်းတယ်ဆိုတာ မည်သူ့ကိုမျှ ဖမ်းဆီးစရာမလိုဘူးဆိုသည့် ” နိုင်ငံရေးဥပဒေသဘောတရားကို နားမလည်သူ။ အာဏာထိမ်းတာနဲ့ အာဏာလုတာကိုတောင် သဲသဲကွဲကွဲမသိသူ။ အာဆီယံနဲ့ပူးပေါင်းမယ်ပြောလိုက်၊ အာဆီယံကိုဝေဖန်လိုက် ခြိမ်းခြောက်လိုက်နဲ့ စိတ်က ပုံမှန်မဟုတ်သူ။ ကိုယ်တိုင်က လူသတ်အကြမ်းဖက်သမားဖြစ်နေတာ မမြင်ပဲ NUG/CRPH/NLD/PDF တွေကို အကြမ်းဖက်သမားတွေလို့ အချိန်ပြည့်စွတ်စွဲနေသူ။ အဲဒီလို ပုဂ္ဂိုလ်မျိုး အဖွဲ့အစည်းမျိုးဟာ ယဥ်ကျေးတဲ့ ဒီကနေ့ ကမ္ဘာ့လူ့အဖွဲ့အစည်းမှာ ရှင်သန်ခွင့် မရှိသင့်တော့ဟု BNN က ယုံကြည်သည်။
BNN/Editorial