မတော်တဆဒုံးကျည်မှားယွင်းပစ်ခတ်မှုကို စုံစမ်းစစ်ဆေးခွင့်ပေးဖို့ အိန္ဒိယကို ပါကစ္စတန်ကတောင်းဆို
၁၃/၃/၂၀၂၂ စက်ပိုင်းဆိုင်ရာချို့ယွင်းမှုကြောင့် ဒုံးကျည်မတော်တဆမှားပစ်မိခဲ့တယ်ဆိုတဲ့ အိန္ဒိယအစိုးရရဲ့ ရှင်းလင်းချက်ကို လက်မခံနိုင်သေးကြောင်းနဲ့ ဘာကြောင့် မှားပစ်တယ်ဆိုတာကို စုံစမ်းစစ်ဆေးခွင့်ပေးဖို့ ပါကစ္စတန်က တောင်းဆိုထားပါတယ်။ နျူကလီယားလက်နက်တွေ ပိုင်ဆိုင်ထားတဲ့ နိုင်ငံကြီးက စစ်တပ်က စက်ပိုင်းဆိုင်ရာချို့ယွင်းမှုကြောင့်မှားပစ်မိတယ်ဆိုတာဟာ ဒေသတွင်းအိမ်နီးချင်းနိုင်ငံတွေအတွက် လုံခြုံရေးအာမခံချက်မရှိတော့ဘူးဆိုတာပြသနေတာလို့လည်း ပါကစ္စတန်စစ်တပ်ပြောခွင့်ရပုဂ္ဂိုလ်က ပြောပါတယ်။ ...