ချောင်းနံဘေးက မလှပတဲ့ ဘ၀ တွေ
ထိုင်းဘက်အခြမ်းကနေပြီမြန်မာနယ်စပ်တလျှောက်ကားမောင်းရင်းကျွန်တော့်ရင်ထဲမွန်းကျပ်လို့လာပါတယ်။မမွန်းကျပ်ပဲနေနိုင်ပါ့မလား၊ကျွန်တော်ကားမောင်းနေရင်းနဲ့ ညာဘက်ခြမ်းကိုလှမ်းကြည့်တော့လျှိုလေးတခုနဲ့ချောင်းလေးတခုလှမ်းတွေ့ရတယ်။၊ချောင်းလေးရဲ့ဒီဘက်ကထိုင်းနိုင်ငံ၊ဟိုဖက်ခြမ်းကမြန်မာနိုင်ငံ… ချောင်းလေးတခုပဲခြားတဲ့ဟိုးဖက်ကမ်းနဲ့ဒီဖက်ကမ်းကရေမြေတောတောင်သဘာ၀ရှုခင်းတွေအားလုံးအတူတူပါပဲ..မတူတာကတော့ဒီဘက်ကမ်းမှာကျောင်းတွေဖွင့်နေတယ်။ သားသမီးတွေကိုကျောင်းလိုက်ပို့တဲ့မိဘတွေရယ်ကိုယ့်ဘာသာကိုဆိုင်ကယ်နဲ့တမျိုးစက်ဘီးနဲ့တဖုံကျောင်းသွားနေကြတဲ့ကလေးတွေရယ်တွေ့ရတယ်။ကျောင်းဝင်းထဲမှာကလေးတွေပြေးလွှားဆော့ကစားနေတာတွေတွေ့ရတယ်။စျေးတွေမှာလည်း လူတွေအားလုံးကအပူအပင်မရှိသွားလာလှုပ်ရှားနေကြတယ်။ရှုခင်းတွေသာယာ လှပသလိုဒီဖက်ကမ်းမှာရှိတဲ့သူတွေအားလုံးကလည်းရာသီဥတုအေးအေးလေးနဲ့အတူဘ၀တွေအေးချမ်းနေကြတယ်။ ဒါပေမဲ့ချောင်းရဲ့တဖက်မှာရှိတဲ့မြန်မာပြည်သားတွေကတော့တနိုင်ငံလုံးအတိုင်းအတာနဲ့ပူလောင်နေရတယ်။ကလေးတွေကျောင်းနဲ့ဝေးနေရတာနှစ်ချီလာပြီ၊စာသင်သံစာအံသံတွေမကြားရတော့ဘူး၊အာဏာရူးတွေကြောင့်တိုင်းပြည်လည်းပျက် နေရပြီ၊ဦးတည်ရာမဲ့သနားစာနာမှုမဲ့တဲ့သေနတ်ကျည်ဆံတွေကြားမှာ၊ဗုံဆံတွေကြားမှာပြည်သူတွေကြောက်ရွံ့ထိတ်လန့်ငိုကြွေးနေရပြီ။ဒုက္ခသည်တွေကိုမှရွေးပြီး ပစ်နေတဲ့လက်နက်ကြီးတွေကြောင့်လည်း ပြည်သူတွေပြေးစရာမဲ့ခိုကိုးရာမဲ့ဖြစ်နေရတယ်။ စစ်ဘေးရှောင် မြန်မာပြည်သူများ ဆရာ..ကားကိုဖြေးဖြေးမောင်းပါ..လို့ဇနီးသည်လှမ်းပြောမှကျွန်တော်သတိပြန်ဝင်လာတယ်။ကားဒိုင်ခွက်ထဲကိုပြန်ကြည့်တော့ တနာရီကီလိုမီတာ၁၂၀ နှုန်းဖြစ်နေတယ်။မြေပြန့်လမ်းဖြောင့်မှာ ဆိုရင်ဒီအမြန်နုန်းကမသိသာပေမဲ့ တောင်ပေါ်လမ်းနယ်စပ်လမ်းအကွေ့အကောက်လမ်းမှာတော့ အနိမ့်အမြင့်နဲ့အကွေ့ အကောက်တွေကြောင့်အရမ်းမြန်သလိုဖြစ်နေတယ်။ စစ်ဘေးရှောင်များ ...