ရန်ကုန်၊ အောက်တိုဘာ ၁၄
တနင်္သာရိတိုင်း၊ ထားဝယ်၊ လောင်းလုံး၊ သရက်ချောင်းမြို့နယ်များတွင် ရောက်ရှိနေသော အမေရိကန်နိုင်ငံသားများအားလုံး အမြန်ဆုံး ထွက်ခွာကြဖို့ အမေရိကန်သံရုံးမှ ယနေ့ အောက်တိုဘာလ ၁၄ ရက်တွင် သတိပေးထုတ်ပြန်လိုက်သည်။
စစ်ကောင်စီ၏ တနင်္သာရီတိုင်း အုပ်ချုပ်ရေးအဖွဲ့မှ အဆိုပါ သုံးမြို့နယ်အတွင်း ရောက်ရှိနေသော နိုင်ငံခြားသားများအတွက် လုံခြုံရေး အာမမခံနိုင်ကြောင်း အောက်တိုဘာလ ၁၁ ရက်တွင် ကြေညာပြီးနောက် အမေရိကန်သံရုံးမှ ယနေ့ သတိပေးထုတ်ပြန်လိုက်ခြင်းဖြစ်သည်။
အမေရိကန်သံရုံးမှ မြန်မာနိုင်ငံအတွင်း ခရီးသွားလာရေးအတွက် အဆိုးဆုံးအဆင့် အဆင့် ၄ တွင် သတ်မှတ်ထားပြီး မြန်မာနိုင်ငံတွင် လာရောက်ခရီးသွားလာခြင်းမပြုရန်နှင့် တတ်နိုင်သမျှ အမြန်ဆုံး မြန်မာနိုင်ငံတွင်းမှ ထွက်ခွာကြရန် အကြံပြုထားသည်။
Credit – Khit Thit Media