၈၈-တုန်းက နိုင်ငံရေးစနစ်ပြောင်းလဲရေးကိုသာ တောင်းဆိုခဲ့တယ်၊ အခုက စစ်အာဏာရှင် အမြစ်ပြတ်ရေးကို တောင်းဆိုနေတာဖြစ်တယ်
ဦးအောင်မိုးဇော်- လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီဥက္ကဌ-DPNS (၅/၈/၂၀၂၂) လွန်ခဲ့တဲ့ ၃၄ နှစ်ကဖြစ်ပွားခဲ့တဲ့ ၈-လေးလုံးအရေးတော်ပုံတုန်းက လူထုရဲ့ တောင်းဆိုချက်ဟာ “တပါတီအာဏာရှင်စနစ်မှ ပါတီစုံဒီမိုကရေစီစနစ်သို့” နိုင်ငံရေးစနစ်ပြောင်းလဲရေးသာ အဓိကဖြစ်ခဲ့ပေမယ့် အခု နွေဦးတော်လှန်ရေးမှာတော့ စစ်အာဏာရှင်အမြစ်ပြတ်ရေးအထိ တောင်းဆို-တိုက်ပွဲဝင်နေတာဖြစ်တယ်လို့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဥက္ကဌ ဦးအောင်မိုးဇော်ကပြောပါတယ်။ ...