ဧရာဝတီ၊ အောက်တိုဘာ ၂၅၊ ၂၀၂၁
ရန်ကုန်မြို့၊ မရမ်းကုန်းမြို့နယ် တရားရုံးတွင် ယနေ့ အောက်တိုဘာလ ၂၅ ရက် မွန်းလွဲပိုင်းအချိန်က ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံက သိရသည်။
မရမ်းကုန်းမြို့နယ်တွင် နေထိုင်သူတဦးက “ ဗုံးပေါက်တာတော့ ဟုတ်တယ်။ အသေးစိတ်တော့ မသိရသေးဘူးဗျ။ ၃ နာရီ ၂၅ မိနစ်လောက်က မြို့နယ်တရားရုံးမှာ ပေါက်တာ” ဟု ပြောသည်။

ဗုံးပေါက်ကွဲမှုကြောင့် ထိခိုက်ပျက်စီးမှု အခြေအနေ အသေးစိတ်အား ဧရာဝတီက အတည်ပြုနိုင်ခြင်း မရှိသေးပါ။
ပြီးခဲ့သည့် အောက်တိုဘာလ ၁၄ ရက်တွင်လည်း အဆိုပါ မရမ်းကုန်းမြို့နယ် တရားရုံးအား Free Tiger Ranger (အင်းစိန်မြို့နယ်ခွဲ) က ပထမအကြိမ် ဗုံးခွဲ၍ ပြည်သူများအပေါ် မတရားအမိန့်အာဏာဖြင့် ဆက်လက် အနိုင်ကျင့် နှိပ်စက်ပါက ပြင်းထန်စွာ ဆက်လက် ဖောက်ခွဲ တိုက်ခိုက်သွားမည်ဟု သတိပေးထားသည်။
Source : The Irrawaddy – Burmese Edition