၁၆/၃/၂၀၂၂
ယူကရိန်းအပေါ် စာနာစိတ်ရှိသူတွေ အနောက်နိုင်ငံတွေကို အထင်ကြီးလေးစားနေသူတွေ ကရင်မလင်နန်းတော်က ညွှန်ကြားချက်ကို မလိုက်နာသူမှန်သမျှကို ရှင်းလင်းဖယ်ရှားပစ်ဖို့ ရုရှား သမ္မတပူတင်က သူ့အစိုးရအဖွဲ့ကို ဒီကနေ့ ပြောလိုက်ပါတယ်။
(ပူတင်ပြောကြားတဲ့စကားကို ရုရှားမိတ်ဆွေသတင်းသမားတချို့ အကျဥ်းချုပ်ဘာသာပြန်ပေးထားသည်ကို အောက်မှာ ဖေါ်ပြပေးလိုက်ပါသည်)
(ငါတို့ တပ်တွေကျဆုံးမှုတွေနဲ့ စီးပွါးရေးပိတ်ဆို့လို့ ငါတို့ ဒုကရောက်နေတယ်ဆိုတာကို အနောက်နိုင်ငံတွေက စနစ်တကျ သတင်းတွေဖြန့်ချီပြီး ရုရှားပြိုကွဲပျက်စီးအောင် ကျိုးစားနေတယ်။ လူတွေ မငြိမ်မသက်ဖြစ်အောင် လှုံ့ဆော်နေတယ်။ သူတို့ရည်ရွယ်ချက်အောင်မြင်အောင် ရုရှား သစ္စာဖေါက်တွေကို အသုံးချနေတယ်။ ငါတို့ရုရှားဟာ တကယ့်မျိုးချစ် ဂ္ဂိုလ် နဲ့ သစ္စာဖေါက်တွေ ကို ခွဲခွဲခြားခြားသတ်မှတ်နိုင်သလို သစ္စာ ဖေါက်မှန်သမျှကို သန့်စင်ဖယ်ရှားထုတ်နိုင်ခဲ့တဲ့ နိုင်ငံဖြစ်တယ်။ ပါးစပ်ထဲကို အမှတ်တမဲ့၀င်လာတဲ့ ယင်ကောင်လိုမျိူး ကြမ်းပြင်ပေါ်ကို ထွေးထုတ် ချေနင်းပစ်ရမယ်။ အဲဒီလို ရှင်းလင်းပစ်နိုင်တဲ့ လူ့အဖွဲ့အစည်းဖြစ်မှ ပိုမိုညီညွတ်တောင့်တင်းခိုင်မာတဲ့ နိုင်ငံတော်ကို တည်ဆောက်နိုင်မယ်)))