မဲခေါင်၊ အောက်တိုဘာ ၆ပြင်သစ်အထက်လွှတ်တော်က NUG အစိုးရအား အသိအမှတ်ပြုရေးအဆိုကို မဲခွဲရာတွင် ကန့်ကွက်သူမရှိ ထောက်ခံအတည်ပြုခဲ့ကြောင်း သိရသည်။

အောက်တိုဘာ ၅ ပြင်သစ်စံတော်ချိန် ညနေ ၄ နာရီတွင် ပြုလုပ်သည့် အထက်လွှတ်တော်အစည်းအဝေးတွင် အတည်ပြုခဲ့ခြင်းဖြစ်ပြီး NUG ကိုယ်စားပြုသူများလည်း တက်ရောက်လေ့လာခွင့် ရရှိခဲ့သည်။အထက်လွှတ်တော်တွင် အတည်ပြုပြီးသော်လည်း၊ အောက်လွှတ်တော်တွင်အတည်ပြုရန် ကျန်ရှိနေသေးသည်။ အောက်လွှတ်တော်တွင် အတည်ပြုပြီးပါက ပြင်သစ်အစိုးရနှင့် NUG တို့ ဆွေးနွေးဆောင်ရွက် နိုင်မည်ဖြစ်သည်။
Credit – MeKong News –